မြိတ်မြို၊ ရေပုန်းနယ်မြေ၊ လမင်းရပ်ကွက်တွင် ကလေးငယ်တစ်ဦး ကြိုးဆွဲချသေဆုံး(၂-၁-၂၀၁၇)ရက်နေ့(၁၇၄၅)အချိန် တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့၊ ရေပုန်းနယ်မြေ၊ လမင်းရပ်ကွက်၊(၂)လမ်းတွင် ဆဋ္ဌမတန်း ကျောင်းသား ကလေးငယ် တစ်ဦး လပတ်စာမေးပွဲ ကျရှုံး၍ မိခင်ဖြစ်သူမှ ဆူပူကြိမ်းမောင်း မည်ကို စိုးရိမ် ကြောက်လန့်ပြီး ကျောင်းမှအပြန် မိခင်ဖြစ်သူအိပ်ပျော် နေစဉ် ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

(၂-၁-၂၀၁၇)ရက်နေ့(၁၇၄၅)အချိန် မြိတ်မြို့၊ ရေပုန်းနယ်မြေ၊ လမင်းရပ်ကွက်၊(၂)လမ်းတွင် လူငယ် တစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ ရဲအုပ် ဝင်းမြင့်ထွန်းနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မောင်ခင်မောင်ထွန်း(၁၂)နှစ်၊ (ဘ) ဦးကျော်စိုးအောင်၊ ဆဋ္ဌမတန်း(A)၊ ကြံတောအမက ကျောင်းသားဖြစ်ကြောင်း ၄င်းသည် လပတ်စာမေးပွဲ ကျရှုံး၍ မိခင်ဖြစ်သူမှ ဆူပူကြိမ်းမောင်း မည်ကို စိုးရိမ် ကြောက်လန့်ပြီး ကျောင်းမှအပြန် မိခင်ဖြစ်သူအိပ်ပျော် နေစဉ် (၃×၅)အုတ်ပတ်ကာတက် သစ်သားနှစ်ထပ် အိမ်၏ နေအိမ်အောက်ထပ် အမြင့်(၃)ပေရှိ သစ်သား ကွပ်ပျစ်ပေါ်တွင် (၂)ပေအမြင့်ရှိ ခွေးချေခုံပေါ်နေ၍ အမြင့်(၁၀)ပေရှိ နေအိမ်အောက်ထပ် ယက်မတန်းတွင် ချည်ထားသော လက်သန်းလုံးခန့်ရှိ အပြာရောင် နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချလျက်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံး ခြင်းဟုတ်/မဟုတ် စစ်ဆေးနိုင်ရန်အတွက် ရဲအုပ် ဝင်းမြင့်ထွန်းမှ(၁၈၃၀)အချိန် တရားလိုပြုလုပ်တိုင်တန်း သဖြင့် မြိတ်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၇)ဖြင့်ဖွင်လှစ်ပြီး အမှုအား ရဲအုပ် အောင်ဝင်းလှိုင်မှ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြိတ်ခရိုင်း မှုခင်းနှင့်သတင်းမီဒီယား

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။