နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီခိုင်သင်းကြည်တစ်ယောက် Posh Magazine အတွက် ရိုက်ကူးထားတဲ့ အလန်းစားပုံရိပ် တွေကို မိတ်ကပ် မထက်ရဲ့ Facebook မှာ တင်ထားတာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေရဲ့အချစ်တွေကို ဆယ်စုနှစ်တစ်စုကျော် ထိန်းသိမ်းထားနိုင်ခဲ့ ပြီး လက်ရှိအချိန်ထိလည်း အနုပညာလုပ်ငန်းတွေကို မရပ်မနားဆက် လက်လုပ်ကိုင်နေဆဲပဲဖြစ်ပါတယ်။ အောင်မြင်တဲ့အနုပညာရှင်တစ်ဦးဖြစ်ပြီး ကျရာဇာတ်ရုပ် ကို ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တာမို့ ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကို သူမကရ ရှိခဲ့တာပဲဖြစ်ပါတယ်။

" မပွတ်ကျွတ် " ဆိုတဲ့ ဇာတ်ရုပ်လေးနဲ့ ပရိတ်သတ်တွေရဲ့ ရင်ထဲကိုစတင်ဝင်ရောက်ခဲ့ပြီး ချစ် စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ ပရိတ်သတ်တွေ ကို ယနေ့ထက်တိုင်ဖမ်းစားထားနိုင် ခဲ့တာပဲဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားပြီး ချစ်စဖွယ်သမီးလေး စံထိပ်ထားဦးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ သူမတို့ရဲ့အိမ်ထောင် သက်တမ်းဟာ ချစ်သက်တမ်းနဲ့ပေါင်းမယ်ဆိုရင် နှစ်ဆယ့်လေးနှစ်ကာလကို တိုင်ခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိ အချစ်မပြယ်သေးပဲ တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတဲ့အပေါ်ကို လည်း ပရိတ်သတ်တွေက အားကျလေးစားနေကြပါတယ်။

တစ်ဦးတည်းသော ချစ်စဖွယ်သမီးလေးဟာလည်း မိခင်ရဲ့ခြေရာကို အပြည့်အဝနင်းမယ့်သမီး လေးဖြစ်တာကြောင့် လက်ရှိမှာကြော်ငြာတွေ ရိုက်ကူးနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အကယ်ဒမီ ပွဲမှာလည်း သူမက အကယ်ဒမီရွှေကြိုမယ်လေးအဖြစ်နဲ့ ပါဝင်ကူညီခဲ့ပါသေးတယ်။ အသက်လေးဆယ်ကျော်အရွယ်ပေမယ့် လုံးဝမထင်ရလောက်အောင် နုပျိုနိုင်လွန်းသူ မခိုင် လေးရဲ့ အရင်နဲ့မတူတဲ့ အလန်းစားပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေး လိုက်တယ်နော်။

Photo - Khine Thin Kyi's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။