မှားယွင်းတဲ့လူနေမှုပုံစံကြောင့်ဖြစ်စေ၊ ရှောင်လွဲလို့မရတဲ့ သဘာ၀ ပတ်ဝန်းကျင်ကြောင့် ဖြစ်စေ ခန္ဓာကိုယ် အသားအရေက ကြမ်းတမ်းပြီး ပျက်စီးတတ်ပါတယ်။ အဲ့ဒီလို ထိခိုက်ပျက်စီးပြီးဆိုရင် စိတ်အနှောင့်အယှက် ဖြစ်ရတာလည်း မလွဲဧကန်ပါပဲ။ ဒီကြုံတွေ့ရမှုမျိုးကို သက်သာပျောက်ကင်းဖို့အတွက် ငွေကြေးအကုန်လည်း ရှိနိုင်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် ငွေကြေးအကုန်အကျ အရမ်းနည်းပြီး အသားအရေ ကောင်းမွန်ဖို့အတွက် လွယ်ကူလှတဲ့ နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။

(၁) သံပရိုသီး

သံပရိုသီးကို အရည်ညှစ်ပြီးနောက် အသားအရေကို ပွတ်တိုက် လိမ်းပေးပါ။ ထို့နောက် (၁၀)မိနစ် ကြာအောင် ပွတ်တိုက်ပြီးနောက် ရေအေးနဲ့ ရေပြန်လောင်းပေးပါ။ တစ်ရက်ခြားတစ်ခါလောက် ပြုလုပ်ပေးခြင်းဖြင့် ရက်အနည်းငယ်ကြာလာတဲ့အခါ အသားအရေပေါ်က အဖုအပိန့်တွေ သိသိသာသာ ပျောက်ကင်းလာပြီး ဖြူဖွေးဝင်းမွတ်လာမှာ ဖြစ်ပါတယ်။

(၂) နနွင်း

နနွင်းကို ပျစ်နေအောင် ရေနှင့်ရောပြီးနောက် အသားအရေပေါ်သို့ လိမ်းကျံပါ။ (သန့်ရှင်းတဲ့ နနွင်းဖြစ်ဖို့ လိုပါတယ်။) မိနစ် ၃၀ ကြာ ထားပြီးနောက် ရေနွေးနွေးလေးနဲ့ ရေပြန်လောင်းပေးပါ။ သဘာ၀ အကောင်းဆုံး ကုထုံးဖြစ်တာကြောင့် အသားအရေအတွက် များစွာ အထောက်အကူ ပေးပါတယ်။

(၃) ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ် အခွံများကို ခွာ၍ အနှစ်ကို ပွတ်တိုက် လိမ်းပေးပါ။ ထိုအနှစ်များ အရေပြားပေါ်မှာ ခြောက်သွားပြီဆိုရင်တော့ ရေအေးနဲ့ ရေပြန်လောင်းပါ။ ထိုနည်းလမ်းကို မကြာခဏ ပြုလုပ်ပေးခြင်းဖြင့် အသားအရေ ချောမွတ်စေပါလိမ့်မယ်။

(၄) မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါ (ထမင်းစားဇွန်း ၁ ဇွန်း) နှင့် ရေ တို့ကို ဆတူရောပြီး မွှေပေးပါ။ ထိုအနှစ်အား အသားအရေပေါ်သို့ လိမ်းပြီး မိန်စ် ၂၀ ခန့် ထားပါ။ ထို့နောက် ရေအေးနှင့် ရေပြန်လောင်း သန့်စင်ပေးပါ။

ဖော်ပြပါ နည်းလမ်းများ အားလုံးကို ၂ရက် တစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။ အားလုံးပဲ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေရှင်။

Reference: Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။