TESS (Transiting Exoplanet Survey Satellite) လို့အမည်ပေးထားတဲ့ ဒီ အာကာသ တယ်လီစကုတ်ဟာ နေနဲ့ အနီးဆုံးနေရာတွေမှာရှိတဲ့ ကြယ်များကို လှည့်ပတ်နေတဲ့ သက်ရှိဖြစ်နိုင်ချေရှိတဲ့ ဂြိုဟ်များကို ပိုက်စိပ်တိုက် လေ့လာသွားမှာပါပဲ ဖြစ်ပါတယ်။ ဒီယာဉ်ဟာ နာဆာရဲ့ လေးခုမြောက် အာကာသထဲ သို့ သက်ရှိများ ရှာဖွေရန်အတွက် လွှတ်တင်မည့် ယာဉ်လည်း ဖြစ်ပါတယ်။  

TESS ဟာ ရှေ့ပြေးသဘောမျိုး ဂြိုဟ်သစ်များ ရှာဖွေမှာဖြစ်ပြီး.. သူ့နောက်မှာတော့ James Webb လို့ခေါ်တဲ့ ဒေါ်လာ ၈.၈ ဘီလီယံတန် အာကာသတယ်လီစကုတ်ကို ၂၀၂၀ ခုနှစ် မေ လ ထဲမှာ လွှတ်တင်ကာ TESS ရဲ့ ၂ နှစ်တာ ရှာဖွေထားတဲ့အထဲက ဖြစ်နိုင်ချေအများဆုံး ဂြိုဟ်တွေကို အသေးစိတ်ထပ်ပြီး လေ့လာသွားမှာပဲဖြစ်ပါတယ်။

နာဆာမှ ယခင် ဂြိုဟ်သစ်ရှာဖွေရေးမှာ လွှတ်တင်အသုံးပြုခဲ့တာကတော့.. ဟာဘယ်၊ စပစ်ဇာ နဲ့ ကပ်ပလာ တယ်လီစကုတ်များဖြစ်ကြပြီး နဂါးငွေ့တန်းဂလက်ဆီအတွင်းက ကမ္ဘာ့နဲ့ တူသော ဂြိုဟ် ထောင်ပေါင်းများစွာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။ TESS ဟာ ဒီတွေ့ရှိထားချက်များကို ပိုမိုအသေးစိပ် လေ့လာပြီး သက်ရှိဖြစ်နိုင်ချေရှိတဲ့ ဂြိုဟ်တွေကို ဆက်လက် ရှာဖွေဖော်ထုတ်မှာတော့ပဲ ဖြစ်ပါတယ်။  

Source : The Space & Universe 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။