နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အလင်းရောင်တစ်ယောက် ငပလီကို ရိုက်ကူးရေး အစီအစဉ် တစ်ခုနဲ့ ရောက်ရှိနေတာပဲဖြစ်ပါတယ်။ အမိုက်စားဘော်ဒီနဲ့ ခန့်ညားချောမောတဲ့ ရုပ်ရည်ကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ ဝန်းရံမှုကို အပြည့်အဝရရှိထားသူလည်းဖြစ် ပါ တယ်။ " ရွှေကြာ " ဆိုတဲ့ ဇာတ်ကားမှာလည်း ခေါင်းဆောင်မင်းသားအဖြစ်နဲ့ ပါဝင်ခဲ့ပြီး ပရိတ်သတ်တွေကလည်း အပြတ်အသတ်အားပေးကြမ်းခဲ့ကြတာဖြစ်ပါတယ်။

မော်ဒယ်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး လက်ရှိမှာတော့ သရုပ်ေ ဆောင် မင်းသားအဖြစ်နဲ့ ဆက်လက်လျှောက်လှမ်းနေတာပဲဖြစ်ပါတယ်။ လက်ရှိမှာ တော့ အလင်းရောင် တစ်ယောက် ငပလီကမ်းခြေကိုရောက်ရှိနေတာဖြစ်ပြီး အမိုက်စားပုံရိပ် တွေနဲ့ Pose ပေးကြမ်းထားတာပဲဖြစ်ပါတယ်။

အလန်းစားပုံရိပ်တွေကို " တွေး ငေး ဆွေး gaze awhile " ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ ယောကျာ်းပီသတဲ့ ခန္ဓာကိုယ်နဲ့ ချောမောတဲ့ ရုပ်ရည်လေးကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်နေတဲ့ မင်းသားချော အလင်းရောင်ရဲ့ အမိုက်စားပုံရိပ်တွေကို ပရိတ်သတ်ကြီး အတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo - Alinnyaung Light's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။