နာမည်ကျော်မော်ဒယ်တစ်ဦးဖြစ်သူ အောန်ဆိုင်းတစ်ယောက် MICHEAL KORS ဆိုင်ဖွင့်ပွဲကို တက်ရောက်ခဲ့တဲ့ သူမရဲ့အလှပဆုံး ပုံရိပ်တွေကို Facebook ပေါ်တင်လိုက်တာပဲဖြစ်ပါတယ်။ လှပလွန်းတဲ့ တိုင်းရင်း သူလေး အောန်ဆိုင်းဟာ အနုပညာလောကထဲကို မော်ဒယ်အဖြစ်နဲ့ စတင် ဝင်ရောက်လာခဲ့ပြီး အခုချိန်ထိတော့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင် တာကိုမတွေ့ရ သေးပါဘူး။ သူမရဲ့ ပရိတ်သတ်တွေကတော့ သူမကို သရုပ်ဆောင်ပိုင်းမှာ လည်း မြင်တွေ့ချင်ပုံ ရပါတယ်။

စကားသံဝဲဝဲနဲ့ ချစ်စဖွယ်တိုင်းရင်းသူလေးဟာ ဝေလရဲ့ သီချင်း MTV မှာလည်း ပါဝင် သရုပ် ဆောင် ထားပြီး ပရိတ်သတ်တွေတခဲနက်အားပေးမှု ကိုလည်း ရရှိခဲ့သူတစ်ဦးဖြစ်ပါ တယ်။ ပရိတ်သတ် အချစ်တော်မော်ဒယ်မလေးတစ်ယောက်ကတော့ MICHEAL KORS ဆိုင်ဖွင့် ပွဲမှာ နက်ပြာရောင် ကိုယ်ကျပ် spot လုံးအင်္ကျ ီလေးနဲ့ အလှကြီးလှ နေတာပဲဖြစ်ပါ တယ်။

သူမရဲ့ Facebook မှာ " MICHAEL KORS ရန်ကုန်မှာ လည်းဝယ်လို့ရပြီနော်. " ဆိုတဲ့စာ လေးနဲ့အတူ အလှပဆုံးပုံရိပ်တွေကို တင်ထားတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံး လေးတွေနဲ့ ပရိသတ်တွေကို အမြဲတမ်းဖမ်းစားနိုင်ခဲ့သူ တိုင်းရင်သူလေး အောန်ဆိုင်းရဲ့ အလန်းစားပုံရိပ် တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုုက်ပြီနော်။

Photo – Awn Seng’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။