ထွက်လာတဲ့အရာတွေဟာ ရွံစရာကောင်းပြီး ကျန်းမာရေးအတွက်မကောင်းတာမို့ လူတိုင်း သတိထားသိထားသင့်ပါတယ်။ Canada ၊ Kelowna မှာရှိတဲ့ အမည်မဖော်လိုသူတစ်ယောက်ရဲ့ ကျောမှာရှိတဲ့ဘုကြီးကို လက်နဲ့ညှစ်ဖောက်တဲ့ ရွံစရာVideo တစ်ခုဟာ အင်တာနက်မှာ ပြန့်လာခဲ့ပါတယ်။

အမည်မဖော်လိုသူ အဆိုပါအမျိုးသားဟာ သူ့ရဲ့ကျောမှာ အဝါရောင်ဘုကြီးရှိနေတာ နှစ်ပေါင်း ၃၀ နီးပါးရှိပြီဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သူငယ်ချင်းတွေစုပြီး သူ့ရဲ့ဖောင်းတက်နေတဲ့ဘုကြီးကို ဝက်ခြံညှစ်သလို လက်နဲ့ညှစ်ချခဲ့ပါတယ်။

အစမှာတော့ ဘုကြီးဟာ ပေါက်ထွက်လာပြီး အဝါရောင်ပစ္စည်းတွေအပြင်ကို ထွက်လာခဲ့ပါတယ်။ video ထဲမှာတော့ အားလုံးရဲ့အော်သံတွေကို ကြားနေရမှာပါ။ ဘုကိုဆက်ပြီးညှစ်တဲ့အခါမှာတော့ အဆိုပါအဝါရောင်ပစ္စည်းတွေ အပုံလိုက်ဆက်ပြီးထွက်လာခဲ့ပါတယ်။

တကယ္တော့ အဝါရောင်ပစ္စည်းဆိုတာ အဆီခဲတွေပါ Lipoma လို့ခေါ်ပြီး ကြီးထွားမှုနှေးကွေးတဲ့၊ အရေပြားအောက်မှာရှိနေတတ်တဲ့ အဆီခဲဖစ်ပြီး ဘုသေးငယ်ရင်တော့ ဝက်ခြံညှစ်သလို အလွယ်တကူညှစ်နိုင်ပါတယ်။ အဆိုပါအဆီခဲဟာ ကင်ဆာအကျိတ်လို အန္တရာယ်မရှိပေမယ့် ဖြစ်လာပြီဆို စောစောဖောက်ထားတာဟာ အကောင်းဆုံးဖြစ်ပါတယ်။

Source : dailymail

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။