ထပ်ဆင့်အကယ်ဒမီမင်းသားချောနေတိုးကတော့အနုပညာလောကမှာဆယ်စုနှစ်နီးပါးလျောက်လှမ်းလာခဲ့ပြီးအောင်မြင်မှုများစွာရရှိနေတဲ့ထိပ်တန်းအနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ဘယ်လို ဇာတ်ရုပ်မျိုးကို မဆိုပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ နေတိုးကတော့တာတေကြီးရုပ်ရှင်ဇာတ်ကားကြီး နဲ့လည်းဇာတ်ရုပ်မျိုးစုံကိုထူးခြားစွာသရုပ် ဆောင် ပြသွားနိုင်ခဲ့တဲ့အပြင် ယခုနှစ်ရဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကြီး ကိုပါ ထိုက်ထိုက်တန် တန်နဲ့ ခူးခွတ်သွားခဲ့တာပဲဖြစ်ပါတယ်။ 

တစ်ကိုယ်တည်းလူပျိုကြီးဘဝနဲ့ ဖြတ်သန်းနေတဲ့ နေတိုးကတော့ ယနေ့အချိန်အထိ အိမ်ထောင်မ ပြုသေးပဲ ပရိသတ်တွေပေးတဲ့အချစ်တွေနဲ့ပဲအနုပညာခြေလှမ်းအသစ်တွေကိုဆက်လက်လုပ်ကိုင် နေတာပဲဖြစ်ပါတယ်။ လူမှုကွန်ယက်ကနေမကြာခဏခံစားချက်စာသားတွေကိုရေးသားလေ့ရှိတဲ့ လူပျိုကြီးနေတိုးကတော့ ဒီနေ့မှာ လည်း နှလုံးသား ရေးနဲ့ပတ်သတ်တဲ့ခံစားချက်စာသားတစ်ချို့ကို သူရဲ့လူမှုကွန်ယက်ကနေရေးသားခဲ့ပါတယ်။ 

သူရဲ့လူမှုကွန်ယက်မှာတော့"မဖြစ်မနေရောက် လာတော့မယ့် မနက်ဖြန်တိုင်းအတွက် ရင်ခုန်ခြင်းများစွာဖြင့် တကယ်ဆိုရင် ငါဟာမင်းကို မုန်းလို့ရရင်မုန်းလိုက်ချင်ပါတယ် မနက်ဖြန် တိုင်းအတွက် ထာဝရနေတိုး" ဆိုတဲ့ စာလေးနဲ့အတူ ချစ်စရာပုံလေးတွေ မျှဝေလိုက်တာပဲ ဖြစ်ပါတယ်။နေတိုးကတော့နှစ်တွေဘယ်လောက်ကြာကြာ အရင်တိုင်းနုပျိုနေဆဲပါပဲနော်။ပရိသတ်တွေသဘောကျနေတဲ့ နေတိုးရဲ့ ပုံရိပ်လေးတွေကိုလည်း မျှဝေပေးလိုက် ပါတယ်နော်။  

သတင်းအရင်းအမြစ် - နေတိုး  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။