အဆိုတော် ဂျက်စတင်ဘီဘာကတော့ ဧပြီလ(၂၅)ရက်နေ့ ညက ကယ်လီဖိုးနီးယားပြည်နယ် Beveryly Hills မှာ အပတ်စဉ်တက်နေကျဖြစ်တဲ့ ဘုရားကျောင်းကို လာရောက်ခဲ့တယ်လို့သိရပါတယ်။

ဘုရားကျောင်းကို အပတ်တိုင်းမပျက်မကွက်တက်ခဲ့တဲ့ ဘီဘာဟာ ကာလာစုံဟူဒီ နဲ့ ဘောင်းဘီရှည်အနက်ရောင်လေးဝတ်ဆင်ထားပြီး အထာကျနေတာဖြစ်ပါတယ်။

နှုတ်ခမ်းနီမလေးတွေရဲ့ အသဲတခြမ်းဖြစ်တဲ့ အသက်(၂၄)နှစ်အရွယ် ဘီဘာဟာ Baby သီချင်းနဲ့အတူ ကမ္ဘာတစ်လွှားက ပရိသတ်ရင်ထဲကို ထိုးဖောက်အောင်မြင်ခဲ့ပြီး ဒီနေ့အချိန်ထိ သီချင်းအပုဒ်ရေမြောက်များစွာသီဆိုရင်း လူကြိုက်များလျက်ရှိပါတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီး အသံတိတ်နေတဲ့ ဘီဘာကတော့ လွန်ခဲ့တဲ့နှစ်လက ဆလီနာ နဲ့ ပြတ်သွားပြီးနောက်မှာ တစ်ကိုယ်တော်လူပျိုကြီးဘဝနဲ့ပျော်ရွှင်စွာ ဖြတ်သန်းနေပါတယ်။

ဒါ့ပြင် အားကစားလိုက်စားတဲ့ ဘီဘာဟာ အားလပ်ရက်တွေမှာ သူငယ်ချင်းတွေနဲ့ ဘောလုံးကန်ရင်းနဲ့လည်း အချိန်ကုန်လေ့ရှိတာမို့ သူ့ကို မြင်ရသူတွေကတော့ အပျော်တွေကူးစက်လောက်ပါတယ်။

ဘုရားကျောင်းထဲက ထွက်လာပြီး သူငယ်ချင်းဖြစ်သူကို ပွေ့ဖက်နှုတ်ဆက်ပြီးနောက် သူ့ရဲ့ Lamborghini ကားအပြာကြီးဆီ ပြန်လာနေတဲ့ ပုံရိပ်တွေကို ပါပါရာဇီတွေက အမိအရရိုက်ကူးထားတာဖြစ်ပါတယ်။ 

Justjared

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။