နိုင်ငံကျော်မင်းသမီးချောတစ်ဦးဖြစ်တဲ့ နန်းစုဦးကတော့ အနုပညာလောကကို စတင်ဝင်ရောက်လာချိန်ကစပြီး ယနေ့အချိန်အထိ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်။သူမရဲ့ဟာသ၊ဒရမ် မာစတဲ့ သဘာဝကျကျသရုပ်ဆောင် ချက်တွေကလည်း သူမတူအောင်ထူးခြားပြီး အနုပညာမှော်စွမ်းအင် တို့ရရှိ ထားသလားပဲထင်မှတ်ရပါတယ်။ခပ်မိုက်မိုက်ဖက်ရှင်တွေနဲ့အမြဲမြင်တွေ့ရပြီး ဆွဲဆောင်မှုရှိတဲ့ သူမရဲ့အလှလေး တွေကတော့ ပရိသတ်တွေကြွေနေရတဲ့ အဓိကအချက်လေးပဲ ဖြစ်ပါတယ်။ 

ဒီနေ့မှာလည်း အရမ်းမိုက်တဲ့ဖက်ရှင်လေးတွေနဲ့ ကမ်းခြေရောက်အလန်းစားပုံရိပ်လေးတွေမျှဝေလိုက်ပါတယ်။ ကမ်းခြေမှာ ကလေးလေးတစ်ယောက်လိုလွတ်လပ်တဲ့ အပြုံးလေးတွေနဲ့ လွတ်လွတ်လပ်လပ် အပန်းဖြေနေတဲ့ နန်းစုဦးရဲ့ ပုံရိပ်လေးတွေကတော့ တကယ်ကိုကြွေလောက်ပါတယ်နော်။  

သူမကတော့ လက်ရှိမျာ ငပလီကမ်းခြေကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ပင်လယ်ကြီးရဲ့ လတ်ဆတ်တဲ့လေ တွေကိုရှု့ရှိုက်ရင်း အလုပ်တွေခဏမေ့ကာ စိတ်လွတ်ကိုယ်လွတ်ကို အနားယူနေတာပဲ ဖြစ်ပါတယ်။သူမရဲ့ လူမှု ကွန်ယက်မှာလည်းကမ်းခြေရောက်ပုံရိပ်လေးတွေ ချစ်ပရိသတ်တွေအတွက် တင်ပေးနေပြီး ပရိသတ်တွေအချစ် တွေသိမ်းပိုက်နေတာပဲ ဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုလည်း မျှဝေပေးလိုက် ပါတယ် နော်။  

သတင်းအရင်းအမြစ် - နန်းစုဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။