လတ်တလော ဖြစ်ပွားနေတဲ့ ထိန်ပင်အမှိုက်ပုံမီးလောင်မှုကိုပြည်သူတွေတင်သာမက ပြည်သူထဲက ပြည်သူချစ်သောအနုပညာရှင်တွေပါ တတ်စွမ်းသမျှကူညီပံ့ပိုးလျက် ရှိပါတယ် ။ ပြည်သူချစ်တဲ့ အနုပညာရှင် ဦးဇာဂနာတစ်ယောက် မီးလောင်ပြင် နေရာကို ကိုယ်တိုင်သွားရောက်ပြီး လိုအပ်ချက်တွေကို တတ်အားသမျှ ကူညီခဲ့တယ်လို့သိရပါတယ်။ဦးဇာဂနာနဲ့ ဇွဲ ၊ သီးလေးသီးအဖွဲ့သားတွေဟာ မီးလောင်ပြင်အထိ သွားရောက်ပြီး လိုအပ်နေသေးတဲ့ အရာတွေအတွက် အကြံဉာဏ်တွေရရှိခဲ့ပါတယ်။ ဒီရင်တွင်းစကားသံ တွေကို ဦဇာဂနာ တစ်ယောက် သူ့ရဲကိုယ်ပိုင်လူမှုကွန်ယက်စာမျက်နှာ ပေါ်ကနေ ပရိသတ်တွေထံပြန်လည်မျှဝေခဲ့ပါတယ်။ 

ဦးသူရတစ်ယောက် ကတော့ ပီပီပြင်ပြင်ထောက်ပြလိုက်ပုံက ဒီလိုပါ…” ထိန်ပင် မှာ စားစရာ သောက်စရာ တွေ ပုံနေ များနေတာ အမှန်ပါပဲ။ဒါပေမဲ့ တကယ် အလုပ်လုပ်နေတဲ့ မီးသတ်ရဲဘော်လေးတွေ လက်ထဲ မရောက်ဘူး။

နေရိပ်အောက်စခန်းထဲမှာ ပဲပုံနေတာ။နာဂစ်တုန်းကလဲ ကြုံရဖူးပြီလေ။မနေ့ညကဆို ထမင်းဘူးတွေ ရဲဘော်လေးတွေ ဆီ မရောက်ပဲ သိုးကုန်တာလဲ အများကြီး ၊ခေါက်ဆွဲ သုပ်တွေ သိုးကုန်တာလဲ တပုံကြီး “…….အစရှိသဖြင့်ရေးသားထားတာကိုတွေ့ရပါတယ်။

ဦးသူရတစ်ယောက် သီးလေးသီးအဖွဲ့ဝင်တွေနဲ့ ကိုယ်တိုင်သွားရောက်လှူဒါန်းရင်းရဲ ဘော်လေးတွေ အတွက် ရံပုံငွေ တစ်ရပ်ထူထောင်ပေးဖို့ဆော်ဩထားပါသေးတယ်။ ဦးသူရ က သူတို့ တတွေ ဘယ်လိုဖြစ်ဖြစ် မီး ငြိမ်းသွားရင်တောင် ကျန်းမာရေး စောင့်ရှောက်ဖို့လို အပ်ပါမယ် ။ရဲဘော်များ အတွက် ကျန်းမာရေး ဆေးပဒေသာပင် စိုက်ထူးပေးကြရအောင်လားခင်ဗျာ၊ နိုင်သလောက်ပေါ့…… ဆိုပြီး စဉ်းစားထားတာလေးစားစရာပါ ။ ပရိသတ်ကြီးရေ အပီအပြင် ထောက်ပြလိုက်တဲ့ ဦးဇာဂနာ ရဲ့အရေးအသားလေးတွေကို တခြားလူတွေအတွက် မျှဝေပေးပါဦး။

Source - UThura Zarganar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။