လှိုင်သာယာ အမှိုက်ပုံ က မီးဟာ အခုအချိန်ထိ ရာနှုန်းပြည့်ထိန်းချုပ်နိုင်ခြင်းမရှိသေးပါဘူး။ နေ့အားညမနား အလှည့်ကျ မီးငြိမ်းသတ်ပေးနေရတဲ့ မီးသတ်သမားတွေ ကို ပြည်သူတွေက ဂရုဏာအပြည့်အဝနဲ့ အခုအချိန်မှာ ဝန်းရံပေးနေကြပါတယ်။ ဒါကလည်း မြန်မာလူမျိုးတွေပြောကြတဲ့ တစ်ဦးကစေတနာ တစ်ဦးကမေတ္တာဆိုတဲ့ စကားပုံလေးလိုပေါ့။ ဒီလို ကိုယ်ကျိုးမဖက် တာဝန်ကျေကြတဲ့ သူတွေအတွက် ဂုဏ်ယူစကားဆိုလာသူက မီးသတ်သမားတွေနဲ့ ရင်ဘောင်တန်းပြီး မီးငြိမ်းသတ်နေတဲ့ မော်ဒယ်သရုပ်ဆောင်ထွန်းကိုကိုပါ ။

ထွန်းကိုကို က လှိုင်သာယာ က ပကတိအခြေအနေ ကို အခုလိုဆိုပါတယ် ။ “လှိုင်သာယာ အမှိုက်ပုံမီးလောင်ပြင်ကြီးကို ငြိမ်းသတ်နေကြတဲ့ မီးသတ်ရဲဘော်များဟာ အမှိုက်မျိုးစုံအနံ့အသက် စွန့်ပစ်ပစ္စည်းမျိုးစုံကို လောင်ကျွမ်းနေတဲ့ ညှော်ဆိုးတို့ရဲ့အနံ့အသက်ဒဏ်တွေရဲ့ကြားမှာ လောင်ကျွမ်းနေတဲ့မီးရဲ့အောက်ကအပူ ပူပြင်းထွန်းတောက်နေတဲ့ နေမင်းကြီးရဲ့ အထက်ကအပူဒဏ်ဒီလို ဒုက္ခဒဏ် အမျိုးမျိုးကြားမှာ ကြိုးစားငြိမ်းသတ်နေကြပါတယ်။ စေတနာ့ဝန်ထမ်းကောင်းစစ်စစ် မီးသတ်သမားများကတော့ ဒီဒဏ်တွေကို ဘယ်လောက်ခံရပါစေတဲ့ သူတို့ရဲ့ ရင်ထဲမှာ လူသားတွေအကျိုးကသာ အဓိက ဂုဏ်ယူလေးစားဖွယ် စွန့်လွှတ်စွန့််စား ကြိုးစားငြိမ်းသတ်နေကြပါတယ်”လို့ ရေးသားဖော်ပြထားပါတယ်။ 

မီးလောင်ပြင်က မီးသတ်သမားတွေ မီးခိုးတွေညှော်တွေအကြားမှာ ပင်ပန်းခဲ့ကြတဲ့ မီးသတ်သမားတွေရဲ့ ခံစားချက်တွေက အထင်းသားပေါ်လွင်လို့နေပါတယ် ။ ဒီမီးလောင်မှု ငြိမ်းသတ်ရာမှာ နာရေးကူညီမှုအသင်းရန်ကုန် သီးသန့်ဖွဲ့ကလည်းအားဖြည့်ကူညီပေးနေပါတယ် ။ မီးလောင်ပြင်ထက်က မီးသတ်သမားကြီးတွေအတွက်ထွန်းကိုကိုလိုဘဲပရိသတ်ကြီးလည်းချီးကျူးစကားလေးများပြောကြားပေးကြပါဦးနော်။

Source – Yanpaing Tunko 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။