လက်တလော လူမှုကွန်ရက်မှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုများစွာရရှိနေတဲ့ ပြည်တွင်းအနုပညာရှင်တွေထဲမှာ ပိုင်ဇေရဲထွန်းတစ်ယောက်လည်း အပါဝင်ပါပဲ။

သရုပ်ဆောင်ပိုင်ဇေရဲထွန်းဟာ သူနဲ့အရမ်းလိုက်ဖက်ညီပြီးချစ်စရာကောင်းတဲ့ ဇနီးချောလေးပိုင်ဆိုင်ထားတာမို့ သားသမီး(၃)ယောက်နဲ့ သူတို့မိသားစုပုံလေးတွေကို ပရိသတ်တွေက စောင့်ကြည့်အားပေးနေကြတာဖြစ်ပါတယ်။

သားသမီး(၃)ယောက်ရနေပေမယ့်လည်း ချစ်စကြင်စ စုံတွဲတွေလို တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတဲ့ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံရဲ့ ပုံလေးတစ်ပုံကတော့ လက်တလော လူမှုကွန်ရက်မှာ ရေပန်းစားလို့နေပါတယ်။

ဇင်သဲနိုင်ကလည်း အဲ့ဒီဓာတ်ပုံလေးကို သူမရဲ့ လူမှုကွန်ရက်မှာ "ကမ္ဘာပေါ်မှာ ဆိုးချင်တိုင်းဆိုးလို့ရသူ" ဆိုပြီး ရေးသားကာ မျှဝေထားပါတယ်။ 

ပိုင်ဇေရဲထွန်း ဇနီးချောလေး ဇင်သဲနိုင်ကတေ့ာ မနေ့က ရွှေတိဂုံဘုရားမှာ ချစ်ခင်သူတွေနဲ့အတူ မွေးနေ့အလှုအဖြစ် အဟာရဒါနတွေလုပ်ခဲ့ပြီး ခင်ပွန်းဖြစ်သူကို ဘေးမှာအလုပ်ကူမလုပ်လို့ စိတ်ကောက်နေတဲ့ အမှတ်တမဲ့ပုံလေးကို သရုပ်ဆောင်စည်သူမောင်က သူ့ရဲ့ လူမှုကွန်ရက်မှာ ထုတ်ပြလိုက်တာပါ။

စည်သူမောင်ဟာ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံနဲ့ မိသားစုသူငယ်ချင်းလို ရင်းနှီးကျွမ်းဝင်ပြီး မကြာခဏဆိုသလို အတွဲများတာကိုတွေ့ရပါတယ်။

ကလေးအမေလို့ထင်ရက်စရာမရှိအောင် တစ်သားမွေးတစ်သွေးလှနေသေးတဲ့ ဇင်သဲနိုင်နဲ့ ယနေ့ခေတ်မော်ဒယ်တွေရှုံးအောင် နုပျိုအရွယ်တင်လွန်းတဲ့ ပိုင်ဇေရဲထွန်း တို့ကတော့ တကယ့်ကို နေ နဲ့လ ရွှေနဲ့ မြ လို လိုက်ဖက်တဲ့ ဇနီးမောင်နှံဖြစ်တာမို့ ပရိသတ်တိုင်း အားကျနေရတာဖြစ်ပါတယ်။

ဇနီးသည်ကို ပြန်ချော့နေတဲ့ ပိုင်ဇေရဲထွန်း တစ်ယောက် ဘယ်လိုတွေ ပြန်ချော့နေလဲဆိုတာ ကြည့်လိုက်နော်။  

Source : Zin Thae Naing fb, Si Thu Mg 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။