ပရိသတ်တွေအားကျချစ်ခင်ရတဲ့ အနုပညာရှင်ဆယ်လီစုံတွဲလေးဖြစ်တဲ့ အဆိုတော်လင်းလင်းနဲ့ သရုပ်ဆောင် အဆိုတော် ချစ်သုဝေတို့ဇနီးမောင်နှံကတော့ လက်ထပ်ခွင့်တောင်းတဲ့ အမှတ်တရနှစ်ပတ်လည်နေ့လေးကို နှစ်ကိုယ်တည်းကြည်နူးစွာ ဖြတ်သန်းခဲ့ကြပါတယ်..။

ဧပြီလ(၂၆)ရက်နေ့လေးဟာ လင်းလင်းက သူ့ရဲ့ချစ်လှတဲ့ဇနီးချောလေးချစ်သုဝေကို လက်ထပ်ခွင့်တောင်းတဲ့ အမှတ်တရနေ့ရက်လေးဖြစ်တယ်လို့ ဆိုပါတယ်..။

သူတို့ဇနီးမောင်နှံရဲ့ ကြည်နူးစရာအမှတ်တရနှစ်ပတ်လည်နေ့မှာ နှစ်ယောက်တည်းကြည်နူးပျော်ရွှင်စွာလျှောက်လည်ရင်း ဖြတ်သန်းခဲ့ကြတာတွေ့ရပါတယ်..။

လျှောက်လည်ရင်းဓာတ်ဖမ်းခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း လင်းလင်းကသူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

“သမီးနှစ်ကောင်အား အဖွားနှင့်အဒေါ်ထံသို့ အပ်နှံပြီး.. Dwayne Johnson ရဲ့ RAMPAGE ဇာတ်ကား ရုပ်ရှင်ထွက်ကြည့်.. နေပြည်တော်ရုံရှေ့က လမ်းသရဲမုန့်ကို ပါဆယ်ဝယ်ပြီး ထရိတ်ဒါးဟိုတယ်ထဲသို့ ကော်ဖီတစ်ခွက်မှာပြီး ဝင်စား..” ဆိုပြီး လျှောက်လည်ခဲ့တဲ့အမှတ်တရပုံရိပ်လေးတွေကို ပြောပြထားပါသေးတယ်..။

သူတို့စုံတွဲလေးရဲ့ အမှတ်တရနှစ်ပတ်လည်ပုံရိပ်လေးတွေကတော့ တကယ့်ကိုကြည်နူးပျော်ရွှင်စရာလေးတွေမို့ ပရိသတ်တွေလည်း သဘောကျနှစ်သက်စေမှာအမှန်ပါပဲ..။

အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ဇနီးမောင်နှံလေးကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားပြီး သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေတာ တွေ့ရပါတယ်..။

Photo - လင်းလင်း fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။