ထိုင်းနိုင်ငံဖူးခက်ကို အလည်အပတ်ရောက်ရှိနေတဲ့ မင်းသားချောလေးသူရိယနဲ့ မင်းသမီးချောလေးဆုအိမ့်စံတို့ဆယ်လီစုံတွဲလေးကတော့ အပန်းဖြေခရီးစဉ်လေးက ပြန်လာနေပြီလို့ သိရပါတယ်..။

ထိုင်းလေဆိပ်ကနေ မြန်မာနိုင်ငံပြန်ဖို့ ယနေ့ ဧပြီ(၂၇)ရက်နေ့မနက်အစောပိုင်းက လေယာဉ်စောင့်ရင်း လေဆိပ်မှာ ဓာတ်ဖမ်းခဲ့တဲ့ သူတို့စုံတွဲလေးရဲ့ ပုံရိပ်လေးတွေကိုလည်း မျှဝေထားပါသေးတယ်..။

လေဆိပ်မှာဓာတ်ဖမ်းခဲ့တဲ့ သူတို့ချစ်သူနှစ်ဦးရဲ့ပုံရိပ်လေးတွေကိုတော့ သူရိယက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

သူ့တို့နှစ်ဦးရဲ့ ချစ်စရာဓာတ်ပုံလေးတွေနဲ့အတူ ပြန်လာနေပြီဆိုတဲ့အကြောင်းလေးကို ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

သူရိယနဲ့ ဆုအိမ့်စံတို့စုံတွဲလေးကတော့ တစ်ယောက်ကိုတစ်ယောက် အရမ်းကိုချစ်ပြီး သာယာပျော်ရွှင်တဲ့အချစ်ရေးလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတာမို့ ပရိသတ်တွေအားကျချစ်ခင်ရတဲ့ ဆယ်လီစုံတွဲလေးပါပဲ..။

လတ်တလောမှာလည်း အနုပညာအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေပြီး အခုလို အပန်းဖြေခရီးစဉ်လေးတွေလည်း မကြာခဏသွားလေ့ရှိတာလည်း တွေ့ရပါတယ်..။

Photo - သူရိယ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။