လူတော်တော်များများရဲ့ အမုန်းကို ခံနေရတဲ့ သင်ဇာနွယ်ဝင်းအတွက်တော့ နှစ်သစ်ဟာ သူမအတွက် ကံမကောင်းဘူးလို့ဆိုရပါမယ်။ သူမသုံးနေကြဖြစ်တဲ့ Thinzar Nwe Win (သ ဉ္ဇာနွယ်ဝင်း) အမည်ရှိ ဖေ့စ်ဘွတ် အကောင့်ဟာ ပျက်သွားခဲ့ပြီး ဒီနေ့နံနက်မှာ သူမဟာ အကောင့်ပျက်သွားလို့ အသစ်ပြန်ဖွင့်ခဲ့တယ်လို့ဆိုခဲ့ပါတယ်။ အကောင့်နာမည် က Thinzar Nwewin လို့အမည်ရခဲ့ပါတယ်။ သို့သော်လည်း ထိုအကောင့်ဖွင့်ပြီး သိပ်မကြာတဲ့ အချိန်မှာဘဲ အဲ့ဒီအကောင့်ကို ရှာမတွေ့တော့ပြန်ပါဘူး။

သင်ဇာနွယ်ဝင်းအကောင့်ကို ပျက်အောင်လုပ်တာ ဘယ်သူလက်ချက်လဲလို့ မသိကြပေမယ့် အများကတော့ ရဲရင့်အောင်ပရိသတ်တွေလက်ချက်လို့ပြောနေကြပါတယ်။ ရဲရင့်အောင်ကတော့ သူ့အကောင့်ကို Deactive လုပ်ခဲ့တဲ့ အတွက်ကြောင့် ပရိသတ်တွေ ဝမ်းနည်းခဲ့သော်လည်း သူ့ရဲ့ ပရိသတ်တွေကြောင့်ပဲ အဆက်အသွယ်မပျက်စေဖို့ ဖေ့စ်ဘွတ်ကို ပြန်လာခဲ့ပါတယ်။

သူ့ရဲ့ နောက်ဆုံးတင်ထားတဲ့ status ကတော့ 'ဒီလောက်နှင့်ဘဲ ကျေနပ်ပါတယ်' ဆိုပြီး ဂီတာနှင့်အတူ သီချင်းဆိုထားတဲ့ ဗီဒီယိုပဲဖြစ်ပါတယ်။ သူ့ပရိသတ်တွေကတော့ ထိုသီချင်းကို ကြိုက်နှစ်သက်နေကြတယ်လို့သိရပါတယ်။ ဒီလောက်နှင့်ဘဲကျေနပ်ရတော့မှာပေါ့လေ....

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။