အကြံကောင်းရင်တစ်ချက် ၊ တရေးနိုးသော်အကြံပေါ် စတဲ့ စကားလုံးတွေဟာ ရှေးလူကြီးသူမတွေက အလကားထားခဲ့တာမဟုတ်ပါဘူး။ဦးဦးဇာဂနာတစ်ယောက် မီးသတ်ရဲဘော်တွေအတွက် သူ့ရဲ့ အကြံဉာဏ်တွေကို လူမှုကွန်ယက်စာမျက်နှာကနေ ပရိသတ်တွေဆီ ချပြခဲ့ပြန်ပါတယ် ။ ဒီအကြံတွေက ဘာတွေလည်း ။ ဇာဂနာကတော့ သူ့ရဲကိုယ်ပိုင် Facebook စာမျက်နှာပေါ်မှာ အခုလိုဆိုထားပါတယ်။

အကြံတွေထဲက တစ်ခုကတော့ မီးလောင်ပြင်က မီးသတ်သမားတွေအတွက် ဘီယာတိုက်ချင်တဲ့ စိတ်ကူးပါ။ ဒီအကြောင်းအရာ နဲ့ ပတ်သက်လို့ ဦးသူရက အခုလိုရေးသားထားပါတယ်။ မလုပ်သင့်ဖူးလို့ ဦးဇာဂနာပြောတဲ့ အိုင်ဒီယာဆန်းက မီးသတ်သမားတွေကို ဘီယာတိုက်ချင်တာပါတဲ့ ။ ဦးဇာဂနာကတော့ ဟာသဉာဏ်အင်မတန်ရှိတဲ့သူပါနော်။ဘယ်သူတွေကိုရည်ရွယ်ပြီးပြောတယ်ဆိုတာကတော့ စာဖတ်သူတိုင်းသိကြမယ်ထင်ပါတယ် ။  

ဒုတိယ တစ်ခုကတော့ မီးလောင်ပြင်က မီးသတ်သမားတွေအတွက်ကျန်းမာရေးပဒေသာပင်စိုက်ထူနိုင်ခဲ့ခြင်းပါ ။ ဦးဇာဂနာတစ်ယောက် ဖော်ပြထားတာကတော့အခုလိုပါ ။ မီးသတ်ရဲ ဘော်များ ကို ကျန်းမာရေး စောင့်ရှောက် နိုင်ဖို့ ပဒေသာပင် စိုက်ထူ လိုက်ပါတယ်။စုပေါင်းလှူဒါန်းသူများကို ကျေးဇူးတင်ဂုဏ်ပြုလို့မှတ်တမ်းတင်လိုက်ပါတယ် ဆိုပြီး အလှူရှင်တွေရဲ့စာရင်းကို ဖော်ပြထားပါတယ်။ဦးဇာဂနာရဲ့ ထိမိတဲ့ အိုင်ဒီယာတွေကို တခြားလူတွေအတွက်မျှဝေပေးပါဦးနော်။ 

Source - U Thura Zarganar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။