မောင်တောမြို့နယ်တွင် အမျိုးသား(၁)ဦးအသတ်ခံရ

မောင်တောမြို့နယ် လင်ဘာကုန်းနား ကျေးရွာမှ အမျိုးသားတစ်ဦး လည်ပင်းလှီးဖြတ်ဒဏ်ရာ များဖြင့် သေဆုံးခဲ့သည်။

မောင်တောမြို့နယ် လင်ဘာကုန်းနား ကျေးရွာနေ ဆွေဒူအာမီ(၃၀) နှစ်သည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် ညနေ ၆ နာရီခန့်တွင် ငါးစားကြူးချောင်းဖက်သို့ ငါးရှာသွားရာမှ ပြန်လည်ရောက်ရှိလာခြင်း မရှိ၍ မိသားစုများက လိုက်လံရှာဖွေရာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂ ရက် ညနေ ၃ နာရီခွဲခန့်တွင် ကျေးရွာတောင်ဘက် ကိုက် ၄၀၀ ခန့်အကွာ ငါးစားကြူးချောင်းထဲတွင် သေဆုံးနေကြောင်း နယ်မြေခံ ရဲတပ်ဖွဲ့သို့ သတင်းပို့သဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ငါးစားကြူးချောင်းရေစပ် ရွှံဗွက်ထဲတွင် လည်ပင်း လှီးဖြတ်ဒဏ်ရာဖြင့် မှောက်လျက်သေဆုံးနေကြောင်းတွေ့ရှိခဲ့သည်။

ဖြစ်စဉ်မှန်ပေါ်ပေါက်စေရေးအတွက် ရဲတပ်ဖွဲ့က လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။