"ဖွေးဖွေးထက်တော်ရင် ခေါ်ရိုက်မယ်" ဆိုတဲ့ ဒါရိုက်တာ ဝိုင်း

အနုပညာလောကရဲ့ အတွဲညီတဲ့ ဆရာတပည့်နှစ်ယောက်လို့ တင်စားခေါ်ခံထားရတဲ့ ဒါရိုက်တာ ဝိုင်း နဲ့ ဖွေးဖွေးတို့ကို ပရိသတ်တွေအားလုံးသိကြမှာပါ။ အနုပညာလောက စတင်ဝင်ရောက်လာတဲ့ ဖွေးဖွေးကို သေချာသင်ကြားပြီး ပွဲဦးထွက်ကားနဲ့ အကယ်ဒမီသိမ်းနိုင်အောင် သင်ပေးခဲ့တဲ့ ဒါရိုက်တာဝိုင်း နဲ့ ဖွေးဖွေးရဲ့ ပါရမီဟာ အားလုံးကို အံ့အားသင့်စေခဲ့တာအမှန်ပါ။ နောက်ပိုင်းမှာ ဇာတ်ကားကြီးတွေဆက်လက်ရိုက်ကူးခဲ့ပြီး အောင်မြင်မှုတွေလည်း ရခဲ့ပါတယ်။ ယခုတစ်ခါလည်း စာရေးဆရာမ ပုညခင်ရဲ့ "ရွှေကြာ" လုံးချင်းဝတ္ထု ရိုက်ကူးမှုအပေါ် မင်းသမီးဇာတ်ရုပ်ရွေးချယ်မှုနဲ့ပတ်သတ်ပြီး ပရိသတ်တွေကြား ပြောဆိုမှုတွေရှိလာပြန်ပါတယ်…………

ဝတ္ထုမှာတင် ပရိသတ်အားပေးမှုအပြည့်အဝ ရရှိထားတာဖြစ်ပြီး ရုပ်ရှင်ကားကြီးရိုက်ကူးမယ်ဆိုတဲ့ အခါမှာလည်း မင်းသမီးဇာတ်ရုပ်အပေါ် ရင်ခုန်စွာစောင့်စားနေကြပြီး ပရိသတ်တွေအကြား ရေပန်းစားခဲ့ပါတယ်။ ဒီတစ်ခေါက်မှာလည်း ဒါရိုက်တာဝိုင်းက သူ့ရဲ့တပည့် ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေးကို ရွေးချယ်ထားကြောင့် လူမှုစာမျက်နှာထက်ကနေ အတိအလင်းကြေညာခဲ့ပါတယ်။ ဒါရိုက်တာဝိုင်းရဲ့ ရုံတင်ကားကြီးတွေမှာ ဖွေးဖွေးကိုပဲအမြဲတွေ့နေရတယ် တခြားမင်းသမီး ပြောင်းသုံးစေချင်တယ် ဆိုတဲ့ ဝေဖန်အကြံပြုချက်အပေါ် ဒါရိုက်ဝိုင်းက………

"သူ့ထက်တော်ပြီး ကျနော်စကားနားထောင်ရင် ရိုက်သွားမှာပါ……တချို့မင်းသမီးတွေကရိုက်ရင် ဆောက်ကျင့်ကတ်မျိုးတွေ……သူတို့မဟုတ်တောင် အမေတွေ အမျိုးတွေ……" ဆိုပြီး ပြောသွားခဲ့ပါတယ်။ ဒီတုန့်ပြန်မှုဟာ အခြားမင်းသမီးတွေကို ပုတ်ခတ်ဝေဖန်မှုအနည်းငယ်ပါစေခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံနေရပြီး ဂယက်ဟာလည်း ဆက်လက်ကြီးထွားနေပါတယ်…………

Source: Wyne:Own Creator

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။