နှစ်သစ်ပထမလဖြစ်တဲ့ ဇန်​နဝါရီမှာ သင့်ရဲ့ကံကြမ္မာကဘယ်လိုဖြစ်မလဲ

တနင်္ဂနွေ  The Fool

စိတ်ပူပန်မှု ဆုံးဖြတ်ချက်တစ်ခုခုကို ပိုင်ပိုင်နိုင်နိုင်ချနိုင်ရန် အခက်အခဲများရှိနေပါမယ်။ ပညာရပ်အသစ်တွေအတွက် ကြိုးစားရန်အခွင့်အရေးရရှိပါမယ်။ မိသားစုအရေးကိစ္စတွေကို တက်ညီလက်ညီဖြေရှင်းပေးနိုင်မှုတို့ကြောင့် စိတ်ပျော်ရွှင်ရပေမယ့် စိတ်ပင်ပန်းလူပင်ပန်း ငွေကုန်များနေမယ်။ အလုပ်ရှာနေသူများ အလုပ်ရရန်နောက်ထပ်ကြိုးစားမှ အဆင်ပြေပါမယ်။ အရောင်းအဝယ်အလုပ်လုပ်ကိုင်နေသူများ အရောင်းအေးနေပါမယ်။ အိမ်၊ ခြံ၊ မြေ ရောင်းဝယ်သူများ မြေညီတိုက်ခန်းတွေထပ် အထပ်မြင့် ဘိုးဘွားပိုင်တွေသာ စျေးကောင်းခြင်း၊ စဘော်ဖြင့် ငှားရမ်းခြင်းတွေသာ ပိုအဆင်ပြေနေပါမယ်။ အထူးအားဖြင့် ၁ ဂဏန်း၊ ၄ ဂဏန်းပါသောနေရာများ အကျိုးထူးခံစားခွင့် ပိုရနိုင်ပါမယ်။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးတွေမှာ စိတ်သဘောထား မတိုက်ဆိုင်သူများကြောင့် စိတ်ညစ်ရပါမယ်။ ငယ်ရွယ်သူများ၏ မေတ္တာရေးမှာ အချစ်ဆိုတဲ့ အရာကို စိတ်ကုန်နေပါမယ်။ စန်းပွင့်ပေမယ့် စိတ်တိုင်းမကျ ဖြစ်ပေလိမ့်မည်။

တနင်္လာ The Magician

ပြုြုပင်ပြောင်းလဲ ဆောင်ရွက်နိုင်မှ ကောင်းပါမယ်။ထင်မှတ်မထားတာတွေဖြစ်မယ်။ ဧည့်သည်ဆွေမျိုးများနှင့် ဆုံတွေ့ ရနိုင်တယ်။ မိမိကို လုပ်ငန်းပြိုင်ဘက်များမှ အလဲထိုးရန် ပြင်ဆင်နေချိန်ဖြစ်သည်။ သတိထားပါ၊ သူတစ်ပါးကိုအကောက်ကြံ၊ လိမ်လည်ခဲ့သူများ၊ ဒီအချိန်မှာ အရှုံးဖြစ်ဖို့များနေမယ်။ ခရီးဝေးသွားရန် အခွင့်အရေးများကြုံပါမယ်။ မိတ်ဆွေ၊ သူငယ်ချင်းများအတွက်၊ ငွေကုန်၊ အချိန်ကုန်ဖြစ်မယ်။ အလုပ်ရှာနေသူများ မိတ်ဆွေတစ်ဦး တစ်ယောက်ကူညီမှ အဆင်ပြေနိုင်ပါမယ်။ အရောင်းအဝယ်ပြုလုပ်နေသူများ၊ ထင်မှတ်မထားသော ပစ္စည်းများမှ အရောင်းအဝယ်ဖြစ်နိုင်ပါမယ်။ ခြံ၊ မြေ၊ အရောင်းအဝယ်ပြုလုပ်နေသူများ လမ်းစုံ၊ လမ်းခွနေရာများ၊ အရောင်းအဝယ်ဖြစ်၊ စျေးကောင်းရနိုင်ပါမယ်။ သတိပြုရန်မှာ အာမခံဖြင့် ဆောင်ရွက်ခြင်းများ မပြုလုပ်သင့်ပါ။ အိမ်တွင်းရေးပြဿနာများနေမယ်။ အချစ်ရေးတွေမှာ တစ်ဦးတည်း အထီးကျန်ခြင်း၊ ရည်းစားဟောင်းများကို သတိတရဖြစ်နေပေလိမ့်မည်။

အင်္ဂ ါ Judgement

အောင်မြင်မှု၊ ကံကောင်းခြင်း၊ အလုပ်အခြေအနေတွေ ပိုကောင်းလာပါမယ်။ မိသားစုအတွက် ငွေကုန်တော့ များနေပါမယ်။ ဒီအချိန်မှာ စိတ်ထင်တိုင်း လျှောက်လုပ်တက်တာ တွေကိုတော့ သတိပြုရပါမယ်။ အသောက်အစားပြုလုပ်တက်သူများနှင့် ပေါင်းသင်းမှုများနေပါမယ်။ အလုပ်အကိုင်ရှာနေသူများ၊ အလုပ်ရရန်အခွင့်အရေးရရှိပါမယ်။ အရောင်းအဝယ်ပြုလုပ်သူများ၊ အရောင်းအဝယ်ကောင်းနေပါမယ်။ ကျန်းမာရေး ညံ့နေသူများ ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။ အိမ်၊ ခြံ၊ မြေ၊ အရောင်းအဝယ်ပြုသူများ ၁ ဂဏန်း၊ ၂ ဂဏန်း၊ ပါသောနေရာများအရောင်းအဝယ်ဖြစ်နိုင်ပါတယ်။ သို့သော် ပူးပေါင်း ဆက်စပ်ပြုလုပ်ထားသူများ၊ စိတ်ဝမ်းကွဲ ပြဿနာများတက်တယ်။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးတွေမှာ တနင်္ဂနွေနှင့် တနင်္လာ အိမ်ထောင်ပြုထားသူများ၊ ပြဿနာကြီးဖြစ်ပါမယ်။ ငယ်ရွယ်သူများ၏ မေတ္တာရေးမှာ စန်းပွင့်မှုများနေတာကြောင့် ရွေးချယ်စရာတွေ များနေပါမယ်။

ဗုဒ္ဓဟူး Death

သတိပြု ဆင်ခြင်မှု၊ ဝေခွဲမရ၊ စိတ်သောကတို့ဖြင့် သင့်အဆိုးအကောင်းတို့ကို ဝေခွဲမရဖြစ်နေမယ်။ အိမ်တွင်းရေးတွေမှာ သူတလူ၊ ငါတစ်မင်း လုပ်ဆောင်မှုများကြောင့် ပြဿနာများနေပါမယ်။ ကျန်းမာရေးညံ့နိုင်ပါတယ်။ အရောင်းအဝယ်ပြုလုပ်နေသူများ၊ အရောင်းအဝယ်တွေဖြစ်နိုင်ပါတယ်၊ သို့သော် စိတ်မချမ်းသာရနိုင်ပေ။ ခြံ၊ မြေ၊ အိုးအိမ်၊ ကိစ္စတွေမှာ စီစဉ်ထားပြီးမှ ပျက်တက်တယ်။ အထူးအားဖြင့် ၃ ဂဏန်း၊ ၄ ဂဏန်းပါသော နေရာများ၊ အရောင်းအဝယ်ပြုလုပ်ရန် မသင့်ပါ။ အလုပ်ရှာနေသူများ၊ အလုပ်ရရန် အခက်အခဲဖြစ်နေမယ်။ ဆွေမျိုးနီးစပ်သူများ ကူညီမှ အဆင်ပြေနိုင်ပါမယ်။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးတွေမှာ မိသားစုတွေကြောင့် ပြဿနာဖြစ်ပါမယ်။ ငယ်ရွယ်သူများ၏ မေတ္တာရေးအခြေအနေမှာ အသက်ကြီးသူများ၏ မေတ္တာရေး ကမ်းလှမ်းခြင်းများ ကြုံတွေ့ ရနိုင်ပါမယ်။

ကြာသာပတေး The Hanged Man

အနစ်နာခံပြီး လုပ်ဆောင်မှုမှန်သမျှ အောင်မြင်နိုင်ရန် အခွင့်အလမ်းများနှင့် ကြုံတွေ့ရပါမယ်။ လူမှုရေး၊ မိသားစုကိစ္စ အားလုံးကို တက်ညီ၊ လက်ညီဖြင့် ကူညီဖြေရှင်းပေးရန်၊ အခွင့်အလမ်းကောင်းများနှင့် ကြုံတွေ့ ရပါမယ်။ ကျန်းမာရေး အနည်းငယ်ညံ့မယ်။ အထူးအားဖြင့် အသည်းရောဂါ၊ အကြောရောဂါများ ညံ့နိုင်တယ်။ ဂရုစိုက်ပါ။ အလုပ်အကိုင်ရှာဖွေနေသူများ အလုပ်ရနိုင်ရန် အခွင့်အလမ်းရှိပါတယ်။ အထူးအားဖြင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်း၊ ဆေးပညာ၊ အမှတ်တရလက်ဆောင်ပစ္စည်း ဝန်ဆောင်မှုပေးသော လုပ်ငန်းများ အကျိုးပေးနိုင်ပါတယ်။ အရောင်းအဝယ်၊ စီးပွားရေးပြုလုပ်သူများ၊ အခက်အခဲ အနည်းငယ်ကြုံတွေ့ ရနိုင်တယ်။ ဝင်ငွေထက်၊ ထွက်ငွေပိုများနေမယ်။ ခြံ၊ မြေ၊ အိုး အိမ်အရောင်းအဝယ်မှာ ဆက်တူရှယ်ယာ ဝယ်သောနေရာများ၊ စျေးကောင်းရ၊ ကံကောင်းနိုင်ပါတယ်။ ငယ်ရွယ်သူများ၏ မေတ္တာရေးအခြေအနေမှာ စန်းပွင့်နိုင်ပါတယ်။

သောကြာ The Hierophant

အောင်မြင်ကံကောင်းရသော အချိန်၊ ပညာ၊ အလုပ် ၊ မိသားစု၊ အရာရာကို အချိန်နှင့် တပြေးညီ၊ တက်ညီ လက်ညီ ပါဝင်ကူညီပေးနိုင်ရန်၊ အခွင့်အလမ်းကောင်းများနှင့် ပြုလုပ်ဆောင်ရွက်ပေးနိုင်ပါလိမ့်မည်။ အလုပ်အတွက်၊ ပညာအတွက် ၊ စာမေးပွဲဖြေဆိုမှုများ ရှိနိုင်တယ်။ နိုင်ငံရပ်ခြား၊ ခရီးစဉ်ကိစ္စများ၊ စီစဉ်မှု အောင်မြင်နိုင်ပါတယ်။ အလုပ်အကိုင်ရှာဖွေနေသူများ၊ အထက်လူကြီး၊ အသက်ကြီးသူများမှ လမ်းညွှန်ပေးမှုများကြောင့် အလုပ်ရရန် အခွင့်အလမ်းကောင်းများနှင့် ကြုံတွေ့ ရမယ်။ ခြံ၊ မြေ၊ အိုးအိမ် အရောင်းအဝယ်ကိစ္စတွေမှာ ၂ ဂဏန်း၊ ၅ ဂဏန်း၊ ပါသောနေရာများ၊ စျေးကောင်းရ ကံကောင်းနိုင်ပါတယ်။ ငယ်ရွယ်သူများ၏ မေတ္တာရေး အခြေအနေတွေမှာ အသက်ကြီးသူများ၏ ထူးထူးခြားခြား ချဉ်းကပ်ခြင်းကို ခံရနိုင်ပါတယ်။

စနေ The Sun

အလုပ်၊ ပညာ၊ နိုင်ငံရပ်ခြားခရီး၊ မိသားစုအရေးကိစ္စတွေကို နေသားတကျ ပြုလုပ်နိုင်ရန် အခွင့်အလမ်းများနှင့်ကြုံတွေ့ ရပါမယ်။ လူမှုရေးပြဿနာအနည်းငယ်များနေမယ်။ မိမိကိုယ် ဝေဖန်ပြောဆိုသူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်တက်တယ်။ အလုပ်အကိုင်ရှာဖွေနေသူများ၊ မိမိ၏ တက်ကျွမ်းနားလည်သော ပညာရပ်များဖြင့် အလုပ်ရရှိရန်အခွင့်အလမ်းကြုံမယ်။ အရောင်းအဝယ်စီးပွားရေးလုပ်နေသူများ အထူးအားဖြင့် အသံထွက်သော ပစ္စည်းများ အရောင်းအဝယ်ဖြစ်နိုင်တယ်။ အိမ်၊ ခြံ၊ မြေ၊ အိုးအိမ် အရောင်းအဝယ် ကိစ္စတွေမှာ နှောင့်နှေးကြန့်ကြာ နေသော အရောင်းအဝယ်ကိစ္စများ၊ အဆင်ပြေချောမွေ့ အရောင်းအဝယ် ဖြစ်လာနိုင်သည်။ ငယ်ရွယ်သူများ၏ မေတ္တာရေးအခြေအနေတွေမှာ တနင်္ဂနွေ၊ ဗုဒ္ဓဟူး သားသမီးများနှင့် ထူးခြားစွာ ကံကောင်းနိုင်ပါသည်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။