မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟိုက ပွဲစဉ်(20)၏ နောက်အကျဆုံးပွဲဖြစ်သည့် ဒီနေ့ညကန်မည့်ချဲလ်ဆီးနှင့်စပါးတို့၏ပွဲစဉ်ကို "ဒါဟာအခွင့်ထူးခံရလိုက်တဲ့ပွဲစဉ်ဖြစ်တယ်"လို့ဆိုလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာမနေ့ဟာပွဲစဉ် (19)နဲ့(20)ကို နှစ်ရက်လောက်သာအနားရလိုက်ပြီး ချဲလ်ဆီးနှင့်တော့တင်ဟမ်တို့က (4)ရက်လောက်အနားရလိုက်တာကိုဆိုလိုပြီး စွတ်ဆွဲလိုက်ခြင်းလည်းဖြစ်ပါတယ်။

ဒီလိုစွတ်ဆွဲချက်ကိုကွန်တီက

"ကျွန်တော်သူ့ကိုပြန်ပြောနိုင်တာတစ်ခုက ဒီပွဲစဉ်ဇယားတွေကို ကျွန်တော်ရေးဆွဲတာမဟုတ်ဘူးဗျ။ ကျွန်တော်ထင်တယ်ဗျာ သူတို့ကကျွန်တော်တို့ရဲ့ပွဲစဉ်ဇယားကို စိတ်တိုနေတာမဟုတ်ဘူး၊ ကျွန်တော်တို့ဇယားထိပ်မှာရောက်နေတာကိုစိတ်တိုနေကြတာဗျ၊

လူတိုင်းကကျွန်တော်တို့ကိုရပ်တန့်ချင်နေကြတယ်"

ကွန်တီရဲ့ချဲလ်ဆီးဟာစံချိန်တင်(13)ပွဲဆက်အနိုင်ရနေပါတယ်။ဒီနေ့စပါးနဲ့ပွဲကိုသာအနိုင်ရမည်ဆိုပါက (2002)ခုနှစ်က အာဆင်နယ်တင်ထားခဲ့သော (14)ပွဲဆက်တိုက်အနိုင်ရခဲ့တဲ့စံချိန်ကိုလိုက်မှီသွားမှာ ဖြစ်ပါတယ်။

"ကျွန်တော်တို့ (13)ပွဲမှာ (39)မှတ်အပြည့်ရခဲ့တယ်။ဒါပေမယ့်အဲ့လိုစံချိန်တွေဟာ ကျွန်တော်တို့အတွက်သိပ်အရေးကြီးလှတယ်တော့မဟုတ်ပါဘူး။ဒါပေမယ့် ပရီးမီးယားလိဒ်ဇယားကို ခင်ဗျားကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ ဒုတိယနေရကလိုက်နေတဲ့လီဗာပူလ်းထက် (5)မှတ်ဖြတ်ထားနိုင်နေပါတယ်။ ဒါပေမယ့်ဒီနေ့တွေ့ရမယ့်တော့တင်ဟမ်ကတော့ အရမ်းတောင့်တင်းတဲ့အသင်းတစ်သင်းပါ"လို့ဆိုသွားခဲ့ပါတယ်။ ။

#မောရစ် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။