မေလ(၁)ရက်နေ့၊မနေ့ကမနက်ပိုင်းမှာတော့ (၁၄)ကြိမ်မြောက်အောင်ဘာလေသိန်းတစ်သောင်းထီဆုကြီးနဲ့ အတူအခြားသော ဆုမဲများကို ဖွင့်ဖောက်ကြေငြာခဲ့ပါတယ်။သိန်းသောင်းဆုကြီးနဲ့အတူဆုမဲပေါင်း(၁၂၄၁၅၈) ကျော်အသီးသီးကံထူးသွားခဲ့ကြပြီး ယခုလရဲ့ သိန်း(၅၀၀၀)ဆုမဲကြီးကိုတော့ ထူးထူးခြားခြား ဆရာတော်တစ် ပါးမှ ဆွတ်ခူးသွားခဲ့တယ်လို့ သိရပါတယ်။ 

ယခုလမှာတော့ သိန်း(၅၀၀၀)ဆုကြီးနှစ်ဆု ဆွတ်ခူးသွားခဲ့ကြတာဖြစ်ပြီး တစ်ဆုကို မန္တလေးခိုင်ရွှေဝါထီ ဆိုင်မှ ဆရာတော်တစ်ပါး ကံထူးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဇ - ၅၅၇၁၉၀ နံပါတ်ဖြင့် သိန်း၅၀၀၀ ဆုကြီးနှစ်ဆုမှ တစ် ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့တာပဲ ဖြစ်ပါတယ်။ 

သိန်း၅၀၀၀ ဆွတ်ခူးသွားခဲ့တဲ့ ဆရာတော်ရဲ့ ဘွဲ့ အမည်ကတော့ နိဗ္ဗာန်ဆိပ်ဦး ဆရာတော်ကြီး ဦးခေမာစာရလို့ သိရပါတယ်။ ဆရာတော်ကြီးကိုယ်တိုင်လည်း အရမ်းကိုဝမ်းသာပျော်ရွှင်နေပြီး တကာ၊တကာမတွေလည်း ထပ် တူ ပျော်ရွှင်နေကြရပါတယ်။ ဆရာတော်ကြီးကတော့ကျောင်းကြီးကိုပြင်မယ်၊လမ်းဖောက်မယ်လို့ သာဓုခေါ်ဖွယ် ကြားသိရပါတယ်။ 

Photo - Credit 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။