ကျောင်းဝင်းထဲသို့ ယာဉ်စည်းကမ်းမလိုက်နာဘဲ မောင်းနှင်သူများအား ဆရာတော် ရှင်ဆေကိန္ဒကိုယ်တိုင် ဆုံးမ

မော်တော်ယာဉ်ခါးပတ် မပတ်လျှင် ဇန်နဝါရီလမှစ ဒဏ်ရိုက်ပြီ။

နှစ်သစ်ဇန်နဝါရီလမှ စတင်၍ မော်တော်ယာဉ်မောင်းနှင့် လိုက််ပါစီးနင်းသူများ ထိုင်ခုံခါးပတ် မပတ်ပါက မော်တော်ယာဉ် ဥပဒေဖြင့် ငွေဒဏ်ရိုက်၍ အရေးယူမည်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူး ရုံးထံမှ သိရသည်။

ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်သေဆုံးမှု လျော့နည်းစေရန် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလမှ ဒီဇင်ဘာလကုန်အထိ ပညာပေးကာလအဖြစ် စစ်ဆေးဆောင်ရွက်နေပြီး ဇန်နဝါရီလမှ စတင်၍ အရေးယူမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒုရဲမှူးအဆင့်ရှိ ယာဉ်ထိန်းရဲ အရာရှိတစ်ဦးက ပြောကြားသည်။

ယခုအခါ ယာဉ်စည်းကမ်းမလိုက်ပါက ယာဉ်ထိန်းရဲ၏အရေးယူခြင်းခံရမည်သာမက ဆရာတော် ရှင်ဆေကိန္ဒ၏ ကြိမ်လုံးစာလည်း ခံရပေဦးမည်………

"ယာဉ်ထိန်းတွေ

အရေးယူတာ မယူတာကနောက်

ဆရာတော်အရှင်ဆေကိန္ဒကတော့

ကျောင်းဝင်းထဲ ယဉ်မောင်းရင်း

ခါးပတ်မပတ်ရင် တောင်ဝှေ့နဲ့ တကယ်ဆော်နေပြီဗျို့ ..."

ဆိုတဲ့ စာသားနဲ့အတူ ဆရာတော်၏ ပုံများလူမှုကွန်ယက်ပေါ်ရောက်နေပြီး လူထုက သဘောတူအားပေးထောက်ခံနေတာ တွေ့ရပါတယ်………

Source: Local News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။