ယနေ ့ရရှိတဲ့ လွတ်လပ်ရေးသည် လူမျိူ းစုတစ်စုတည်းရဲ ့ လွတ်လပ်ရေးမဟုတ်။ ပြည်ထောင်စုတစ်ခုလုံးမှာရှိတဲ့ ရှမ်း- ကချင်- ကချင်- ကရင်- ကရင်နီ (ကယား) - ရခိုင်- မွန်- မြန်မာ အစရှိတဲ့ သွေးချင်းသားချင်း ပြည်ထောင်စုလူမျိူ းစု အားလုံးတို ့ စည်းစည်းလုံးလုံး ကြိုးပမ်းခဲ့ကြသောကြောင့် ရရှိလာသော လွတ်လပ်ရေး ဖြစ်တယ်။

ယနေ ့ ရရှိလာတဲ့ လွတ်လပ်ရေးသည် လူတန်းစားတစ်ခုတည်းရဲ ့ လွတ်လပ်ရေးမဟုတ်။ ပြည်ထောင်စုတစ်ခုလုံးမှာရှိတဲ့ လူတန်းစားအားလုံးရဲ ့ လွတ်လပ်ရေး ဖြစ်တယ်။ ယနေ ့ရရှိတဲ့ လွတ်လပ်ရေးဟာ အသင်းအဖွဲ ့တစ်ခုတည်းရဲ ့ လွတ်လပ်ရေးမဟုတ်။ များမြောင်လှစွာသော အသင်းအဖွဲ ့အားလုံးရဲ ့ လွတ်လပ်ရေးဖြစ်တယ်။

အားလုံးက အပြင်းအထန်ကြိုးပမ်းခဲ့ကြရလို ့ ရရှိသောလွတ်လပ်ရေး ဖြစ်တဲ့အတွက်ကြောင့် အားလုံးက ရင်မြေကတုတ်လုပ်၍ ခုခံကာကွယ် စောင့်ရှောက်ကြရမယ်။ ယနေ ့ရရှိတဲ့ လွတ်လပ်ရေးဟာ လူမျိူ းစုတစ်ခုတည်းအတွက် အသုံးချရန်မဟုတ်။ သွေးချင်းသားချင်း ပြည်ထောင်စုလူမျိူ းစု အားလုံးအတွက် မျှမျှတတ အသုံးချရန် ဖြစ်တယ်။ လူတန်းစားတစ်ခုတည်းအတွက် မဟုတ်- လူ ့အခွင့်အရေးများကို ဘယ်အခါကမျှ တင်းပြည့်ကျပ်ပြည့် မရရှိခဲ့ကြဘူးတဲ့ ပြည်ထောင်စုသား လူတန်းစားအားလုံးအတွက် မျှမျှတတ အသုံးချရန် ဖြစ်တယ်။

ဤသမ္မတနိုင်ငံသစ်ကြီးကို တည်ဆောက်ရာ၌ ခေါင်းဆောင်တွေ သစ္စာဖေါက်လျှင် ခြေလှမ်းမှားရင် ယနေ ့စိုက်ထူတဲ့ လွတ်လပ်ရေးမောက်ကွန်းကျောက်တိုင်ကြီးသည် သစ္စာဖေါက်နေသော ခေါင်းဆောင်များ ခြေလှမ်းမှားနေသော ခေါင်းဆောင်များကို သတိပေးနိုင်သည် ဖြစ်ပါစေသတည်း။

ပြည်သူလူထုကြီးသည်လည်း မိမိထမ်းဆောင်ရမည့် တာဝန်များ ပျက်ကွက်လျှင် ဝါးအစည်းပြေသကဲ့သို ့ပြေတော့မည်ဆိုလျှင် ယနေ ့စိုက်ထူတဲ့ လွတ်လပ်ရေးကျောက်တိုင်ကြီးသည် တာဝန်ပျက်ကွက်သော ပြည်သူလူထုကြီးကိုလည်းကောင်း - ဝါးအစည်းပြေတော့မည်ဖြစ်သော ပြည်သူလူထုကြီးကိုလည်းကောင်း အချိန်မီ သတိပေးနိုင်သည် ဖြစ်ပါစေသတည်း။

တည်ဆောက်ရာတွင် ဖျက်လိုဖျက်ဆီးလုပ်သော ပြည်တွင်း ပြည်ပရန်သူများ ပေါ်ပေါက်လာလျှင် ယနေ ့စိုက်ထူတဲ့ လွတ်လပ်ရေး မော်ကွန်းကျောက်တိုင်ကြီးသည် ထိုရန်သူများကို အပြီးတိုင် ချေမှုန်းနိုင်သည်အထိ ဇာတိသွေး ဇာတိမန် တစ်ခဲနက် တက်ကြွလာအောင် ပြည်ထောင်စုလူထုကြီးတစ်ရပ်လုံးအား အချိန်မီ စွမ်းဆောင်ပေးနိုင်သည် ဖြစ်ပါစေသတည်း။

(ထိုအချိန်က နိုင်ငံတော် ဝန်ကြီးချူ ပ် ဦးနု ) ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ ့-

လွတ်လပ်ရေးမော်ကွန်းကျောက်တိုင် အုတ်မြစ်ချမိန် ့ခွန်း…(ကောက်နုတ်ချက်)

ကိုးကား - ဦးနု ရေး - ပြည်တော်သာ ပြည်ထောင်စုပန်းတိုင်…

Creadit Aung Kyaw Moe 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။