အမွန်း တယောက် ယခု လတ်ရှိရုံတင်ပြသနေတဲ့ ဒုဌဝတီကိုကျော်လွန်၍ ရုပ်ရှင်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားတာ အားလုံးသိကြတဲ့အတိုင်းပါ ။ အမွန်း က မကြာသေးခင်မှာဘဲ သူမရဲ့ Instagram ကနေ ပရိသတ်တွေအတွက် ဒုဌဝတီကိုကျော်လွန်၍ ရုပ်ရှင်ကားကြီး ရဲ့အမှတ်တရပုံတွေကို အခုလိုတင်ခဲ့ပါတယ်။

အမွန်းတစ်ယောက်ကတော့ ချစ်သူ ကိုကိုRaouf Bac နဲ့တူတူ တွဲလို့ပွဲတက်ခဲ့တာကိုလည်း မှတ်တမ်းတင်ထားတာက ကြည်နူးစရာပါ ။ အမွန်းကတော့ Raouf Bac ကို My prince charming လို့ရေးသားထားတာကိုတွေ့ရပါတယ် ။ တကယ်ချစ်ဖို့ကောင်းတဲ့ ကိုကို Raouf Bac နော်။ သူပြုံးနေတာလေးက အမွန်းပြောတာထက်တောင် ချစ်ဖို့ကောင်းနေလေရဲ့။

မန္တလေးပရိသတ်တွေနဲ့တွေဆုံပွဲ မသွားခင် ဒုဌဝတီအဖွဲ့သားတွေနဲ့ ပုံကိုလည်းတင်ထားတာတွေ့ရပါတယ်။မန္တလေးပရိသတ်တွေအတွက် စိတ်ဝင်စားစရာ အစီအစဉ်တွေလုပ်ပေးမယ့်အကြောင်းကိုလည်းပြည့်ပြည့်စုံစုံ ဖော်ပြထားတာကိုတွေ့ရပါတယ်။ကဲ ပရိသတ်ကြီးရေ အမွန်းရဲ့ ဒုဌဝတီကို ကျော်လွန်၍ အမှတ်တရပုံလေးတွေကိုတခြားသူတွေအတွက် မျှဝေပေးပါဦးနော်။ 

Source - ahmoon_official

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။