ကိုကို ပိုင်တံခွန် တစ်ယောက် Instagram ပေါ်မှာ လတ်တလောတင်ထားတဲ့ပုံလေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးချင်ပါတယ်။ ပုံတွေထဲမှာ နေရာအစုံမှာတစ်ဖျတ်ဖျတ်ရိုက်ခဲ့တဲ့ ပိုင်တံခွန် ရဲ့ပုံတွေကို မြင်တွေ့ရမှာဘဲဖြစ်ပါတယ်။ 

အားလုံးချစ်ကြတဲ့ ပိုင်တံခွန် က ဒူးရင်းသီးချစ်သူတစ်ယောက်ပါတဲ့ ။ကဲ ဒူရင်းသီးချစ်သူတွေ အားမငယ်ကြနဲ့တော့ ။ ကိုကိုပိုင်တံခွန် က ဟင်းချက်ရတာလည်းဝါသနာပါသေးတယ်တဲ့ ။ ပူပြင်တဲ့နွေရာသီအပူ နဲ့ မီးဖိုဘေးက ပိုင်တံခွန် ခမျာ အပေါ်ပိုင်းဘာမှမဝတ်နိုင်တော့ဘူးလေ ။ ပိုင်တံခွန် တစ်ယောက် ဟင်းချက်တာတောင် ပြင်းရှရှဆွဲဆောင်မှုရှိနေတာ အားကစားလိုက်စားလို့ဖြစ်မှာပါနော်။

ပိုင်တံခွန်တစ်ယောက် ရေအောက်ကမ္ဘာကိုလည်း ချစ်တတ်တယ်တဲ့ ။ ရေအောက်ကမ္ဘာချစ်သူတွေကတော့ ပိုင်တံခွန်ရဲ့ မူရင်းပုံအောက်မှာ မှတ်ချက်တွေအများအပြားပေးထားကြလေရဲ့။ကဲ ပိုင်တံခွန်နဲ့ ဘယ်နေရာတွေမှာ အကြိုက်ချင်းတူလဲပရိသတ်ကြီး ။ တခြားသူတွေလည်း ပိုင်တံခွန်နဲ့ အကြိုက်ချင်းတူချင်တူနေမှာမို့ စာဖတ်သူတို့က တဆင့်ပြန်လည်မျှဝေပေးကြပါဦးနော်

Source - paing_takhon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။