"အရမ်းဝနေလို့ ပုံတွေတောင်မတင်ရဲတော့ဘူး" အကယ်ဒမီ သက်မွန်မြင့်

ပရိသတ်တွေက ချစ်စနိုးနဲ့ ချစ်သက် လို့ခေါ်ကြတဲ့ အကယ်ဒမီ သက်မွန်မြင့်တစ်ယောက် အရမ်းတွေဝနေတာမို့ အလွမ်းပြေပုံလေးတွေတောင် မတင်ရဲဘူးတဲ့…………

မကြာခင်ကမှ ကလေးအသုံးအဆောင်ပစ္စည်းဆိုင်တစ်ခု ဖွင့်လှစ်ထားသလို ချစ်သမီးလေးတစ်ဦးပါ မွေးဖွားထားတဲ့ မေမေသက်မွန်မြင့်ဟာ ပရိသတ်တွေအတွက် အလွမ်းပြေပုံလေးတွေတင်ချင်ပေမယ့်လည်း အရမ်းဝနေတာကြောင့် မတင်ရဲပါဘူး ဆိုပြီး သူမရဲ့ လူမှုကွန်ယက်မှာ အခုလိုပဲရေးသားခဲ့ပါတယ်………

"အလွမ်းပြေ ပုံလေးတွေ တင်ချင်ပေမယ့် ပူစီဖောင်းမျက်နှာ ဖိုးဝရုပ်ကိုယ်လုံးနဲ့မို့ မတင်ရဲဘူးကွယ်??????"

ဒါပေမယ့်လည်း ပရိသတ်တွေကတော့ ချစ်ဆဲပါပဲတဲ့နော်…………

Source: Thet Mon Myint

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။