နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မေပန်းချီတစ်ယောက် ရိုက်ကွင်းပေါ်က သူမရဲ့ပုံရိပ် တွေကို Facebook မှာ တင်လိုက်တာပဲဖြစ်ပါတယ်။ အနီနဲ့အနက်ကြားရှပ်အင်္ကျ ီလေးနဲ့ ဂျင်းဘောင်းဘီအပြဲလေးကို ဇာတ်ကားတစ်ကားလုံးဝတ်ဆင်ရတယ်လို့ သူမကဆိုပါတယ်။ အက်ရှင်ကား ရိုက်ကူးနေတာဖြစ်ပြီး ဇာတ်ကားတစ်ကားလုံးဒီအဝတ်အစားတစ်ခုတည်းနဲ့ပဲ ရိုက်ကူးရတာဖြစ်ပါတယ်။

မနေ့ကလည်း ရိုက်ကွင်းပေါ်မှာ ဒဏ်ရာတွေရတယ်ဆိုတဲ့အကြောင်းကို သူမကပြောထားပါ သေးတယ်။ အနုပညာသမားတွေဖြစ်တာမို့ ဆေးစက်ကျရာအရုပ်ထင်ရသူတွေဖြစ်ပြီး ကိုယ်ဖန် တီးတဲ့အနုပညာကို ရုပ်လုံးပေါ်အောင် နည်းအမျိုးမျိုးနဲ့ကြိုးစားကြတာဖြစ်တာမို့ ဒီလိုအနာတရ တွေဟာ ကြိုးစားမှုရဲ့ ရလာဒ်မှတ်တိုင်တစ်ခုပါပဲ။ အနုပညာလမ်းကြောင်း ပေါ်မှာ သူမ လျှောက် လှမ်းနေတာ အချိန်အတိုင်းအတာ တစ်ခု ထိ ကြာမြင့် ခဲ့ပြီဖြစ်ပြီး အားပေးသူ ပရိတ်သတ်တွေက လည်း အများအပြားပါပဲ။

၀၀ပြည့်ပြည်ကိုချစ်ပါ ပြည့်ပြည့်၀၀ပြန်ချစ်ခံရမယ်ဆိုတဲ့ စကားလေးအတိုင်းပဲ ပြည့်ပြည့်ဖောင်း ဖောင်း လေးနဲ့ အရမ်းကိုချစ်ဖို့ကောင်းတဲ့ သူမနဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကို " Shooting တစ်ကားလုံး ဒီဝတ်စုံတစ်စုံပဲ စဉ်းစားကြည့် ဘယ်လောက်နံနေမလဲလို " ဆိုပြီး တင်ထားတာ ပဲဖြစ်ပါတယ်။ တစ်တစ်တုတ်တုတ်လေးနဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ မေပန်းချီရဲ့ ရိုက်ကွင်းပေါ်ကပုံရိပ်လေးတွေကို ပရိသတ်ကြီး အတွက် တင်ဆက် ပေးလိုက်ပါတယ်နော်။

Photo - မေပန်းချီစိုးနောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။