နိုင်ငံကျော်ရုပ်ရှင် နဲ့ဗီဒီယို သရုပ်ဆောင် လင်းဇာနည်ဇော် နဲ့ ချစ်ချစ်ဇော်တို့ ညီအစ်မနှစ်ယောက် မကြာသေးခင် ကဘဲ “ရွှေခေါက်ဆွဲ” အမည်ရှိ ဆိုင်တစ်ဆိုင် ကိုဖွင့်လှစ်ထားပါတယ် ။ ဒီဆိုင်လေးဟာ အမှတ်(၁) သာယာရွှေပြည်လမ်း ၊ သာယာရွှေပြည်ရိပ်မွန်၊ ရန်ကင်းမှာဖွင့်လှစ်ထားတာဖြစ်ပါတယ် ။ လင်းဇာနည်ဇော်တို့ညီအစ်မဟာ သရုပ်ဆောင်ပညာသာမကဘဲ ခေါက်ဆွဲချက်ရာမှာလည်းဆရာတစ်ဆူ ဖြစ်တယ်လို့ စားသုံးသူပရိသတ်တွေက မှတ်ချက်ပေးနေကြပါတယ်။

ဒီတစ်ခါ မှာတော့ မင်္ဂလာဈေးသစ်ပန္နက်တင်မင်္ဂလာပွဲအုတ်မြစ်ချခြင်းအခမ်းအနားမှာ ရွှေခေါက်ဆွဲ အဖွဲ့သားတွေ က ခေါက်ဆွဲတည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါတယ်။လင်းဇာနည်ဇော်တစ်ယောက်တော့ “'ရွှေခေါက်ဆွဲ' နဲ့ အုတ်မြစ်ချတဲ့မင်္ဂလာဈေးပန္နက်တင်မင်္ဂလာပွဲ” ဆိုပြီးအမွှန်းတင်ထားလေရဲ့ ။

ထို့အပြင် လင်းဇာနည်ဇော်တစ်ယောက် “ရွှေအဆင်းလိုဝင်းပပြီး တည်တံ့ခိုင်မြဲ အောင်မြင်ပါစေ~ဈေးသူ ဈေးသားများအားလုံးလဲစီးပွါးတိုးတက်နိုင်ကြပါစေ” ဆိုပြီးဆုတောင်းပေးထားပါသေးတယ်။ ပရိသတ်ကြီးလည်း အခွင့်ကြုံရင် ရွှေခေါက်ဆွဲလက်ရာကိုမြည်းစမ်းကြည့်လိုက်ကြပါနော်။ အခုတော့ ရွှေခေါက်ဆွဲ လက်ရာရှင်တွေရဲ့ အပျော်တွေကို တခြားသူတွေအတွက်မျှဝေလိုက်ကြပါဦး

Source - Lin Zar Ni Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။