(၁၃)ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့သည့် စံချိန်ကောင်းကို ရယူနိုင်ခဲ့သော ချဲလ်ဆီးအသင်းသည် စပါးအသင်းကို ၀ုိက်ဟတ်လိန်းတွင် (၂-၀) ရလာဒ်ဖြင့် အရေးနိမ့်သွားခဲ့ရသည်။ ရှုံးပွဲနှင့်ပတ်သက်ပြီး ကွန်တီက အသင်း၏ အားနည်းချက်ကို Replay ပြန်ကြည့်၍ ရှာဖွေသွားမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

ကွန်တီက - "အရှုံးနဲ့ပတ်သက်ပြီး အသင်းရဲ့ အဓိက အားနည်းချက်က ဘာလဲဆိုတာကို Replay ပြန်မကြည့်ရသေးဘူး၊ Highlight ပြန်ကြည့်ပြီးတော့ အသင်းရဲ့ အဓိက အားနည်းချက်ကို ပြန်ရှာသွားမယ်၊ တစ်ခုရှိတာက ဂိုးပေးရပြီ ဆိုကတည်းက ခံစစ်ရဲ့ ကစားပုံကို တိုးတက်အောင် ပြင်ဆင်ရမယ်ဆိုတာ အသေအချာပဲ၊ လောလောဆယ်မှာတော့ ကျွန်တော်တို့ အသင်းက ဇယားထိပ်မှာပါ၊ ကျွန်တော့်အသင်းက အလုပ်တွေ အရမ်းကြိုးစားခဲ့လို့ ဇယားထိပ်မှာ နေနိုင်တာပါ၊ ဒါပေမယ့်လည်း ချန်ပီယံအတွက် ကတော့ ခက်ခဲနေဆဲပါပဲ" ဟု ပြောကြားသွားခဲ့သည်။

#AZL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။