"ချစ်ဖူးခဲ့သမျှ" တေးစီးရီးနဲ့ ပရိသတ်တွေရဲ့ ရင်ဘတ်ထဲကိုဝင်ရောက်လာခဲ့တဲ့ အဆိုတော် ပိုပိုကတော့ လတ်တလောမှာ စိတ်ရှုပ်စရာကိစ္စအချို့ကြုံတွေ့နေတယ်လို့ သိရပါတယ်။ သူမဟာ သူမရဲ့ အသိမိတ်ဆွေတွေ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးနေတတ်သူတစ်ဦးဖြစ်ပြီး ဖော်ရွေတတ်တဲ့ နာမည်ကြီးအနုပညာရှင်တစ်ဦးအဖြစ် လူသိများသူလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမရဲ့ လူမှုစာမျက်နှာထက်မှာ သူမအနေနဲ့ နောက်ပြောင်ပြောဆိုမှုနဲ့ပတ်သတ်ပြီး စိတ်မကောင်းစရာဖြစ်ခဲ့ရပုံကို ယခုလိုရေးသားတင်ထားတာ တွေ့ရပါတယ်။ 

"ကျမ က တချိူ့ Journalist တွေနဲ့ ခင်တော့ မောင်နှမတွေလို အမြဲ နောက်ပြောင် ပြောလေ့ရှိပါတယ် journalist တွေကလဲ ကျမ နောက်ပြောင်ပြောတာတွေ ရှောင်ပြီး အကောင်းဆုံး ရေးသား Interveiw ထည့်ပေးပါတယ် တချို့ journalist တွေ ကတော့ အိမ်ထောင်ဘယ်တော့ပြုမလဲ မေးရင်း ကျမ နောက်ပြောင်ပြောလိုက်တာကို အတည် ရေးသားထည့်ပေးပါတယ် အဲ့ဒါမြင်ပီး ကျမ တော်တော် ဆွံအ သွားပါတယ် စိတ်အနှောင့်ယှက်တော်တော် ဖြစ်မိပါတယ် စိတ်မကောင်း လဲ ဖြစ်မိပါတယ် ( ဒါပေမဲ့ အချိန်တန်ရင်ပီးသွားမှာပါပဲ )" ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။ 

သူမရဲ့ ပရိသတ်တွေကတော့ ဒီကိစ္စနဲ့ပတ်သတ်လို့ စိတ်မကောင်းလည်းဖြစ်သလို ဒေါသလည်းထွက်မိတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်လို့တော့ အဆိုတော် ပိုပိုက တော်တော်လေး shock ဖြစ်မိတယ်လို့ဆိုပါတယ်။ သူမအနေနဲ့ Feeling sad လို့လည်း ရေးသားဖော်ပြထားပြီး သူမရဲ့ ပရိသတ်တွေကတော့ စိတ်မကောင်းမဖြစ်ဖို့ အားပေးစကားဆိုထားကြပါတယ်။ 

Photo Source : Po Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။