အနုပညာလောကရဲ့ နာမည်ကြီးဇာတ်ပို့ဇာတ်ရန်တစ်ဦးဖြစ်တဲ့ ဦးခင်လှိုင်ကတော့ အမြန်လမ်းမှာ ယာဉ်မတော်တဆမှုအသေးစားလေးတစ်ခုဖြစ်ခဲ့တယ်လို့ သူ့ရဲ့ လူမှုစာမျက်နှာကတဆင့် သိရပါတယ်။ မိုင်တိုင် ၂၃၂ အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သူနှင့်အတူ ဇနီးသည်လည်း အတူပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်လို့ သူ့ရဲ့ လူမှုစာမျက်နှာမှာတော့ ပရိသတ်တွေ မစိုးရိမ်ရအောင် ယခုလိုပဲရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

"ကံကောင်းလို့အမျိုးတို့ရေ အမြန်လမ်း မိုင်တိုင် 232 မှာကျွန်တော့ကား တာယာဘယ်ဘက်နှစ်စလုံးပွင့်သွားတာ ကားနဲ့လူဘာမှမဖြစ်လို့ အမြန်လမ်းက

တာဝန်ကြနေတဲ့ရဲအရာရှိနဲ့အဖွဲ့ကလာကူညီပေးနေကြတာကျေးဇူးတင်ပါတယ်ဗျာ တာယာဆိုင်တွေလဲမဖွင့်သေးဘူး" ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။ ကားပေါ်ပါလာသူတွေအားလုံး အန္တရာယ်ကင်းဘေးရှင်းခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ။

ဦးခင်လှိုင်ဟာ ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်ပြီး ဇာတ်ရုပ်မျိုးစုံကို ကာရိုက်တာဝင်အောင် သရုပ်ဆောင်နိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ပရိသတ်ရင်ထဲက အကယ်ဒမီဆုကို ရရှိထားတဲ့ ဦးခင်လှိုင်ဟာ အလှူအတန်းတွေလည်း မကြာခဏပြုလုပ်လေ့ရှိပြီး မိသားစုအပေါ်မှာလည်း အိမ်ထောင်ဦးစီးပီသသူဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အနုပညာအလညပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး သားဖြစ်သူကိုလည်း လက်ဆင့်ကမ်းအနုပညာအမွေပေးနေတာတွေ့ရပါတယ်။

Photo Source : Khin Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။