တစ်ခေတ်တစ်ခါက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်တဲ့ မင်းသားပိုင်ဇေရဲထွန်းကတော့ လက်ရှိမှာ ပျော်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်လို့ထားပါတယ်။ ဇနီးချောလေးနဲ့အတူ ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေနဲ့ သူတို့ရဲ့ မိသားစုဘဝဟာလည်း ပရိသတ်တွေကြား အားကျစရာကောင်းလှပါတယ်။ ဒါ့အပြင် ပိုင်ဇေရဲထွန်းနဲ့ ဇနီး ဇင်သဲနိုင်တို့ ဇနီးမောင်နှံကလည်း ပရိသတ်တွေကြား ရေပန်းစားလှပါတယ်။

တလောကလည်း သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့ ဓာတ်ပုံလေးတစ်ပုံ လူမှုစာမျက်နှာထက် နာမည်ကြီးခဲ့ပါသေးတယ်။ ဒီဓာတ်ပုံလေးကတော့ ဘုရားပေါ်မှာ စိတ်ကောက်နေတဲ့ ဇနီးကို ယုယုယယချောမော့နေတဲ့ သူတို့ဇနီးမောင်နှံရဲ့ ဓာတ်ပုံဖြစ်ပြီး ပရိသတ်တွေ အတော်လေး သဘောကျခဲ့ကြပါတယ်။ သူတို့ဇနီးမောင်နှံကတော့ မိဘအပေါ်သိတတ်တဲ့ ကလေးတွေကို ပိုင်ဆိုင်ထားကြပြီး မဇင်သဲနိုင်ရဲ့ လူမှုစာမျက်နှာမှာတော့ သူမကိုဂရုစိုက်ပေးနေတဲ့ သားသမီးတွေရဲ့ ဓာတ်ပုံတွေကို ယခုလိုရေးသားကာ တင်ထားတာ တွေ့ရပါတယ်။ 

"သူတို့မေမေ မနေ့ကညသန်းခေါင်း၂:ဝဝကျော်မှာကြွက်ထတက်တယ် ဒီနေ့ကျတော့ပင်ပန်းပြီးဖျားနေလို့တဲ့ပရုပ်ဆီပုလင်းလေးကိုင် ခြေထောက်လေးသူတို့ပေါင်ပေါ်ဆွဲတင်ပြီးနှိပ်ပေးတော့တာပဲ။ကိုယ်တိုင်မိဘဖြစ်မှခံစားတတ်တဲ့ဘာနဲ့မှလဲမရတဲ့ပီတိ" ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။ ပရိသတ်တွေကတော့ လိမ္မာတဲ့သားသမီးလေးတွေကိုလည်း ချီးကျူးနေကြသလို သွန်သင်ဆုံးမတတ်တဲ့ မိဘနှစ်ပါးကိုလည်း ချီးကျူးစကားဆိုထားကြတာ တွေ့ရပါတယ်။

Photo Source : Zin Thae Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။