ပရိသတ်ကြား နာမည်ရစဖြစ်တဲ့ တက်သစ်စမော်ဒယ်လ်တစ်ဦးဖြစ်သူ ဂျူးဂျူးသစ္စာကတော့ ယခုရက်ပိုင်းမှာ မဟုတ်မဟတ်သတင်းအချို့နဲ့ နာမည်အဖျက်ခံနေရတယ်လို့ သိရပါတယ်။ အပြာကားတစ်ခုမှာ သူမသရုပ်ဆောင်ထားတယ်ဆိုကာ နာမည်အဖျက်ခံနေတာဖြစ်ပြီး သူမဖက်ကတော့ အတိအလင်း ပြန်လည်ဖြေရှင်းရေးသားထားပါတယ်။ 

ဒီကိစ္စနဲ့ပတ်သတ်ပြီး သူမဘက်က တရားစွဲဆိုမှုတွေ ရှိလာနိုင်ကြောင်းကိုလည်း သူမရဲ့ လူမှုစာမျက်နှာမှာ ယခုလိုရေးသား ဖော်ပြလို့ထားပါတယ်။

"မနေ့ညကစပြီး ဂျူဂျူးသစ္စာပါဆိုပြီး မဟုတ်မဟတ် Video ရယ် Template နဲ့ပုံတွေတက်လာပါတယ်

အဲ့ Video file ကိုကြည့်ရတယ်ဆိုရင်လည်း ဂျူးကိုအားပေးတဲ့ ပရိသတ်နဲ့ အပြင်မှာမြင်ဖူးတဲ့သူတွေဆို ဂျူးမဟုတ်မှန်းသိမှာပါ

အခုလိုတင်ရတာလည်း ဂျူဂျူးသစ္စာဆိုပြီး လိုက်ဖြန့်နေလို့ပါ

တော်တော် တရားလွန်လာပြီ

မဟုတ်ပဲ ပြောတဲ့ သူတွေ ကိုအကုန် SS ထားပါတယ် ဒီထက်လွန်လာရင်းတရားစွဲပါမယ် ဟုတ်လားမဟုတ်လား အဲ့ video link ကြည့်ပြီးတဲ့သူတွေ သိမှာပါ အင်္ဂလိပ်မ အဖြူမလား ကျွန်မလား မသိပဲ မသဲကွဲပဲ သူများသားသမီးကို လိုက်ပြီး အရှက်ခွဲလို့ရပါသလားရှင် မဖျတ်ရင်တရားစွဲမယ် ဂျူးအနေနဲ့ အခုလို ဂျူးမဟုတ်ပဲ ဂျူဂျူးသစ္စာပါလို့ လိုက်ဖြန့်နေတဲ့သူတွေကို အစ်မ နှမချင်းစာနာပါလို့ပဲပြောချင်တယ်" ဆိုပြီး ရေးသားထားပါတယ်။

ဒီစာတွေနဲ့အတူ Post တင်ခဲ့သူနဲ့ သူမပြောခဲ့တဲ့ conversation ကိုလည်း ပရိသတ်တွေဆီကို ရှင်းရှင်းလင်းလင်းချပြခဲ့ပါတယ်။ ပရိသတ်တွေကတော့ သူမဘက်မှာ အပြည့်အဝရပ်တည်နေပြီး post တင်ထားသူလည်း ပြန်လည်ဖျက်ပေးမယ်လို့ ပြောခဲ့ကြောင်း သိရပါတယ် ပရိသတ်ကြီးရေ.....

Photo Source : Jue Jue Thit Sar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။