နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီဖွေးဖွေးတစ်ယောက် သူမရဲ့ အလန်းစား ပုံရိပ်တွေကို ထပ်တင်လိုက်ပြန်ပါပြီ။ အချိန်တိုင်းလှနေတဲ့ မင်းသမီးတစ်လက် ဖြစ်ပြီး သူမဝတ်တဲ့ ဝတ်စုံလေးတွေဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားလွန်းပါ တယ်။ အမြဲလိုလို ပုံစံအဆန်းလေး တွေဝတ်တတ်ပြီး အလှပဆုံးဖက်ရှင်တွေနဲ့ ရေပန်းစား လွန်းသူ မင်းသမီးတစ်ယောက်ပါပဲ။

မြန်မာနိုင်ငံရဲ့ ပရိသတ်အများဆုံးမင်းသမီးတစ်ဦးဖြစ်ပြီး အားလုံးရဲ့အချစ်တွေကို အချိန်အကြာ ကြီး သိမ်းပိုက်ထားနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သူမရဲ့ပုံရိပ်လေးတွေ က ပရိသတ် တွေကို အမြဲလိုလိုဖမ်းစားနိုင်ခဲ့ပါတယ်။ သူမက လက်ရှိမှာတော့ Pantra Queens ပြိုင်ပွဲမှာ အကဲဖြတ် ဒိုင်အဖြစ် ပါဝင်ခဲ့တဲ့ပုံရိပ်တွေကို တင်ထားတာပဲဖြစ်ပါတယ်။

သူမရဲ့အလန်းစား အနက်ရောင်ဝတ်စုံက တကယ်ကိုလှပလွန်းပါတယ်။ ဒီဝတ်စုံလေးကို ဒီဇိုင်နာ " Oo " ကဖန်တီးချုပ်လုပ်ပေးထားတာဖြစ်ပါတယ်။ သူမရဲ့ပွဲတက်ဖက်ရှင်တွေက ပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစားလွန်းပါတယ်။ ဒီတစ်ခေါက်မှာလည်း အနက် ရောင်ဖက်ရှင်နဲ့ လှလွန်းသူလေး ဖွေးစိန်ရဲ့ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် တင်ဆက် ပေးလိုက်ပါတယ်။

Photo - Phway Phway/ Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။