နာမည်ကြီး သရုပ်ဆောင် ဒိန်းဒေါင်ရဲ့သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်ကတော့ လက်ရှိမှာ ပြဿနာအချို့ရင်ဆိုင်ဖြေရှင်းလို့ နေရပါတယ်။ လေလံစုကြေးမဲကိစ္စနဲ့ပတ်သတ်လို့ ပြဿနာဖြစ်နေတာလို့ သိရပြီး တရားဘောင်အတွင်းကနေ ဖြေရှင်းသွားရနိုင်ချေလည်း ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး သတ်မှတ်ရက်မှာ ငွေပြန်လည်ပေးဖို့ သတင်းစာကနေတဆင့် ဒိန်းပိုပိုဒေါင်ကို အသိပေးထားတာလည်း တွေ့ရပါတယ်။

လေလံမဲရောင်းရာကတဆင့်ဖြစ်ပျက်ခဲ့တဲ့ ဒီပြဿနာမှာ ငွေပမာဏအတော်များတယ်လို့ သိရပြီး မဲဒိုင်က ငွေသိန်းပေါင်း ခြောက်သောင်းကျော်ကို မဲစုသူတွေဆီက ယူဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။ ဒိန်းပိုပိုဒေါင်ကတော့ မဲဒိုင်ရဲ့တစ်ဆင့်ခံလက်ဝယ်အဖြစ်ပါဝင်ရာမှာ ယခုကိစ္စမှာ ပါဝင်လာခဲ့ခြင်းဖြစ်ပြီး ငွေချေးလုပ်ငန်း ဆိုတဲ့ facebook group တစ်ခုမှာတော့ ဒိန်းပိုပိုဒေါင်က အတိအလင်းရှင်းလင်းပြောဆိုထားတာ တွေ့ရပါတယ်။

သူမတို့ မိသားစုအနေနဲ့လည်း ဒီကိစ္စနဲ့ပတ်သတ်လို့ အကောင်းဆုံးဖြစ်အောင် ဖြေရှင်းနေကြတယ်လို့လည်း သိရပါတယ်။ ဒိန်းပိုပိုဒေါင်ဟာ အနုပညာအလုပ်တွေ အစပျိုးလုပ်ကိုင်နေသူဖြစ်ပြီး ပရိသတ်တွေအားပေးမှုရရှိထားတဲ့ တက်သစ်စတစ်ဦးလည်း ဖြစ်ပါတယ်။ တလောက ဗေဒင်ဆရာပြဿနာမှာလည်း သူမရင်ဆိုင်ခဲ့ရတဲ့ ကိစ္စတစ်ချို့ကို ထုတ်ဖော်ပြောကြားခဲ့ပြီး တရားစွဲဆိုမှု ပြုလုပ်ခဲ့ပြီး ပရိသတ်တွေကြား ရေပန်းစားခဲ့ပါတယ်။ ယခုတစ်ခါမှာလည်း ဒီပြဿနာနဲ့ပတ်သတ်လို့ ဝေဖန်မှုတွေထွက်ပေါ်နေပြီး ပရိသတ်တွေကတော့ ဘာတွေဆက်ဖြစ်မလည်းဆိုတာကို စိတ်ဝင်စားလို့နေကြပါတယ်။ 

Photo Source : Dain Po Po Daung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။