သရုပ်ဆောင်စိုးရန်အောင်နဲ့ မော်ဒယ်သရုပ်ဆောသက်သခင်တို့ ကတော့လက်တွဲတွေခိုင်မြဲကာ ချစ်သူတို့ရဲ့တစ်ဆင့်တက်မှတ်တိုင်သစ်တစ်ခုဖြစ်တဲ့အိမ်ထောင်သည်ဆိုတဲ့ဘဝကိုရောက်ရှိသွားခဲ့ကြပြီပဲဖြစ်ပါတယ်သူတို့နှစ်ဦးကတော့မော်ဒယ်သရုပ်ဆောင်လောကမှာအရမ်းကြီးနာမည်မကြီးပေမယ့်လည်းအားပေးသူပရိသတ်ကိုယ်စီနဲ့အနုပညာလုပ်ငန်းတွေလုပ်ငန်းနေသူတွေပဲ ဖြစ်ပါတယ်။  

မနေ့ကမေလ(၅)ရက်နေ့ကိုတော့မင်္ဂလာရက်မြတ်လေးအမြတ်သတ်မှတ်ခဲ့ပြီးမင်္ဂလာပွဲကြီးကိုခမ်းခမ်းနားနားကျင်းပခဲ့ကြတာပဲဖြစ်ပါတယ်။ရန်ကုန်မြို့ပြည်လမ်းမပေါ်မှာရှိတဲ့ Novotel Max Hotel မှာ ကျင်းပခဲ့တယ်လို့ သိရပါ တယ်။ရွှေရောင်လွှမ်းတဲ့ သူတို့ရဲ့ မင်္ဂလာပွဲလေးကတော့တကယ့်ကို ခမ်းနားလှပါတယ် ပရိသတ်ကြီးရေ။

သူတို့ရဲ့ မျက်နှာပေါ်ကပီတိအပြုံးလေးတွေ ကလည်းတကယ့်ကို ကြည်နူးစရာကောင်းလှပါတယ်နော်။ ပရိ သတ်အချစ်တော်မင်းသမီးချောလေးတွေကလည်း သတိုးသားသတို့သမီးအရံလေးတွေအဖြစ် ပါဝင်ခဲ့ကြပြီး တကယ်ကို ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲလေးပဲ ဖြစ်ပါတယ်။ကြင်စဦးဇနီးမောင်နှံလေးအတွက်လည်း မင်္ဂလာဆုမွန် ကောင်းလေးကိုချစ်ပရိသတ်တွေဆုတောင်းပေးလိုက်ကြပါအုန်းနော်။

သတင်းအရင်းအမြစ် - စိုးရန်အောင်၊သက်သခင် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။