ဒုဌဝတီကို ကျော်လွန်၍ဇာတ်လမ်းထဲက Georgeကို ဖခင်တစ်ယောက်လို ရိုသေ၊ သူရဲ့အမိန့်တိုင်းကို တသွေမသိမ်း လိုက်နာပြီး၊ Georgeရဲ့ မွေးစားသား Elvisအဖြစ်ခပ်ကြမ်းကြမ်းသရုပ်ဆောင်ခဲ့တဲ့ နော်အောင်ကို ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးသိပြီးသားဖြစ်မှာပါ။ နော်အောင်ဟာအခုမှ ရုပ်ရှင်လောကထဲကိုဝင်ရောက်လာတဲ့ မျက်နှာသစ်သရုပ်ဆောင်အသစ်ဖြစ်သလို ဒုဌဝတီကိုလွန်၍ဟာလည်း နော်အောင့်အတွက် ပွဲဦးထွက် ရုပ်ရှင်ကားဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းတဲ့ နော်အောင်ဟာတကယ်တော့ သရုပ်ဆောင်လောကမှာ ကျင်လည်နေတဲ့သူတစ်ယောက်မဟုတ်ပါဘူး။ နော်အောင်ဟာ ပြင်ပလောကမှာ ဘောလုံးကစားတဲ့ ဘောလုံးသမားတစ်ယောက်သာဖြစ်ပါတယ်။

နော်အောင်ဟာ သြစတေးလျနိုင်ငံမှာရှိတဲ့ ဘောလုံးကလပ်တွေမှာဘောလုံးသမားအဖြစ်ကစားနခဲ့ရင်း က မြန်မာနိုင်ငံကို ခေတ္တပြန်လာစဉ် ဒုဌဝတီကျော်လွန်၍ ရဲ့ ဇာတ်ညွှန်းရှင် ရဲနောင်နဲ့ အမှတ်မထင်ဆုံတွေ့ဖြစ်ရာက ဒီဇာတ်ကားမှာသရုပ်ဆောင်ဖို့ကမ်းလှမ်းခ့ခဲ့ရတာဖြစ်ပါတယ်။ အဆိုပါ ကမ်းလှမ်းမှုအရ ဒုဌဝတီကို ကျော်လွန်၍ဇာတ်ကားမှာ Elvisအဖြစ်ထူးထူးချွန်ချွန် သရုပ်ဆောင်နိုင်စွမ်းကို ပြသနိုင်ခဲ့တာဘဲဖြစ်ပါတယ်။

နော်အောင်ဟာ အနုပညာမျိုးရိုးက ဆင်းသက်လာသူတစ်ယောက်ဖြစ်လို့ ယခုလိုအနုပညာအလုပ်မှာ ထူးချွန်နေတယ်လို့သုံးသပ်နိုင်ပါတယ်။ နော်အောင်ဟာ ၁၉၉၀ နှစ်များဆီက အောင်မြင်ကျော်ကြားခဲ့တဲ့ အမျိုးသားတေးသံရှင်ခရစ္စတီဖာ ရဲ့ သား ဖြစ်ကြောင်းသိရှိရပါတယ်။ ယခုလတ်တလော မိသားစုရေးရာကိစ္စတွေကြောင့် ဒုဌဝတီအဖွဲ့သားတွေနဲ့လတ်တလောဝေးကွာလျက်ရှိနေတယ်လို့လည်းသိရပါတယ်။ပရိသတ်ကြီးရေ နော်အောင်ကိုချစ်တယ်ဆို ဒီသတင်းလေးကို တခြားသူတွေအတွက် မျှဝေပေးပါဦးနော်။

Source - Naw Awng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။