ပရီးမီးယားလိဂ်မှာ အအောင်မြင်ဆုံးဖြစ်တဲ့ ယူနိုက်တက်ဟာ အခုနှစ် ဘောလုံးရာသီအတွက် မော်ရင်ဟိုလို ထိပ်တန်း နည်းပြကို ခန့်အပ်ခဲ့ပြီး ငွေကြေး အလုံးအရင်းနဲ့ ပြင်ဆင်ခဲ့ပါတယ်။ ရာသီဝက်အကျော် လက်ရှိအချိန်မှာတော့ သရဲနီတွေဟာ အမှတ်ပေးဇယား အဆင့်(၆)နေရာ မှာသာ ရပ်တည်နေပါတယ်။သူတို့ရဲ့ အစဉ်အလာနဲ့ ပြင်ဆင်မှုနဲ့ ချိန်ထိုးရင် ဒီနေရာဟာ သရဲနီတွေအတွက် ကျေနပ်ဖွယ် ရပ်တည်မှုတော့ မဟုတ်ပါဘူး။

ပထမရာသီဝက်မှာ ယူနိုက်တက်တစ်သင်းလုံးမှာ အထွေထွေ အားနည်းချက်လေးတွေ ရှိခဲ့တယ်။ ခံစစ်ကို ကြည့်ရင် ကမ္ဘာ့အကောင်းဆုံး စာရင်းဝင် ဂိုးသမား ဒဟဲယား တစ်ချို့ပွဲတွေမှာ အတော်လေး ပေါ့ဆတယ်၊ အာရုုံစူးစိုက်မှု အားနည်းခဲ့တယ်။မပေးသင့်တဲ့ ဂိုးတွေ ပေးခဲ့ ရတယ်။ နောက်တန်း မှာ လုရှော ကောင်းတယ်၊ ဘိုင်လီ ကစားပုံ မာကျောတယ်၊ စိတ်ချရတယ်။ဒါပေမယ့် မကြာခဏ နာနေတယ်။ စမောလင်း နာနေတဲ့အချိန်များတယ်။ ရိုဟိုက ဦးနှောက်သုံးကစားတဲ့ ပလေယာ မဟုတ်ဘူး။ ဘလင်းက ဒီဘက်ခေတ်မှာ ရေပန်းစားနေတဲ့ ball playing defender မျိုး၊ ဘောလုံးဦးနှောက် မြင့်မားတယ်။ဒါပေမယ့် သူလည်း ကြံ့ခိုင်မှု မပြည့်ဝဘူး။ဒါကြောင့် ယူနိုက်တက် နောက်တန်းဟာ လူကောင်းတွေ နာတစ်လှည့် ၊နားတစ်လှည့်နဲ့ အကောင်းဆုံး စုဖွဲ ့မှုကို မရလိုုက်ရှာဘူး။

ကွင်းလယ် မှာလည်း လူကောင်းတွေ ပုံနေတယ်။ဒါပေမယ့် double pivots နေရာမှာ မော်ရင်ဟိုုဟာ အစောပိုင်းတွေမှာ အကောင်းဆုံး အတွဲအဖက်ကို မရှာနိုင်ခဲ့ဘူး။ ပေါ့ဂ်ဘာ-ဖယ်လိုင်နီအတွဲကို စမ်းသုံးတယ်။ သူတို့နှစ်ယောက်ရဲ့ အရပ်အမောင်းက အမြင့်ဘောတွေကို aerial စိုးမိုးနိုင်တယ်။ဒါပေမယ့် ဖယ်လိုင်နီက holding midfielder လိုလို ၊ central midfielder attacking midfielder လိုလို ထထ ဖေါက်တယ်။ပေါ့ဂ်ဘာ အတွက် ဒီနေရာဟာ အကောင်းဆုံးမဟုတ်ဘူး ။ ဒီနောက်မှာတော့ (ဟာရဲရား-ပေါ့ဂ်ဘာ)အတွဲကို သုံးတယ်။ (ဖယ်လိုင်နီ-ဟာရဲရား)အတွဲကို သုံးတယ်။ ချယ်ဆီးကိုလေးဂိုးပြတ် ရှံုးတယ်။ ဒီလိုနဲ့ပဲ လုံးလည်ချာလည် လိုက်ခဲ့တယ်။

ကွင်းလယ်တိုက်စစ် နေရာမှာလည်း လူမငြိမ်ခဲ့ဘူး။ အမ်ခီတာရန် ကောင်းတယ်.ဒါပေမယ့် နာနေတယ်။ မာတာ ပွဲထွက်ခွင့် ပုံမှန် မရဘူး။လင်းဂတ် ခြေမမှန်ဘူး ။ ရွန်နီ ခြေကျနေတယ်။ ယန်းကလည်း firs rate player မဟုတ်ဘူး။မာရှယ်နဲ့ ရက်ဒ်ဖို့တောင် ပုံမှန် ခြေမရခဲ့ဘူး။ ဒါကြောင့် ယူနိုက်တက် ကွင်းလယ်ဟာ လူကောင်းတွေ ပုံနေပေမယ့် စွမ်းဆောင်ရည် သိသိသာသာ နိမ့်ကျခဲ့တယ်။တိုက်စစ်မှာ ဝါရင့်ကြီး ဇလာတန်ကို ပုံမှန် သုံးတယ်။သူလည်း အကောင်းဆုံး ကြိုးစားတယ်။ ဂိုးတွေ သွင်းပေးတယ်။ ဒါပေမယ့် သူခြေကျနေရင် backup လုပ်မယ့်သူ မရှိဘူး ။ကျန်တဲ့ တိုက်စစ်မှူးတွေဟာ ယူနိုက်တက်လို အသင်းအတွက် reliable ဖြစ်လောက်တဲ့ ပုံစံမျိုး မပြသနိုင်ခဲ့ဘူး။ပွဲထွက်ခွင့် သိပ်မရတာလည်း ပါတယ်။ ဒါတွေက အသင်းရဲ့ နေရာအလိုက် အားနည်း ချက်တွေ။

ဒါတွေအပြင် တစ်ချို့ပွဲတွေမှာ အမှတ်ဖြုန်းခဲ့တယ်။ စီးတီး၊ချယ်ဆီးတို့ကို ရှံုးတာ ဘာမှ အငြင်းပွားစရာ မရှိပေမယ့် ဝက်ဖို့ဒ်လို အသင်းကိုတော့ မရှံုးသင့်ဘူး။ လီဗာပူးလ်၊အာဆင်နယ်လို အသင်းတွေကို သရေကျတာ ဖြစ်သင့်ပေမယ့် စတုတ်၊ဘန်လေ၊ဝက်စ်ဟမ်းတုုိ့ကို အိမ်ကွင်းမှာ သရေကျတာ နှမြှောဖို့ကောင်း တယ်။ ရသင့်ရထိုက်တဲ့ အမှတ်တွေ မရလိုက်တာလည်း ယူနိုက်တက် ရဲ့ ပြသနာ တစ်ခုလို့ပဲ ဆိုရမယ်။

နည်းစနစ်ပိုင်းကတော့ မော်ရင်ဟိုလို နည်းပြကို ဘာမှ ဝေဖန်စရာမရှိဘူး။ မိမိ အနိုင်ဂိုးသွင်းထားချိန်မှာ ပွဲပြီးခါနီး အမြင့်ဘောတွေနဲ့ ဖိထားတဲ့ ပြိုင်ဘက်ကို တားဆီးဖို့ ဖယ်လိုင်နီကို လူစားသွင်းတာ၊ ဖယ်လိုင်နီကြောင့် ပယ်နယ်တီ ပေးလိုက်ရတာမျိုးတွေက tactical error မဟုတ်ဘူး။ ကစားသမားတွေရဲ့ individual mistake သာ ဖြစ်တယ်။ တစ်ချို့ပွဲတွေ မှာ ခြေစွမ်း မပြနိုင်တဲ့ key player တွေကို လူစားလဲဖို့ တွန့်ဆုတ်တာလေး ပဲ မော်ရင်ဟိုကို ပြောစရာရှိတယ်။

အခုလိုမျိုး အထွေထွေ လိုအပ်ချက်တွေနဲ့ ခြေစွမ်းအတက်အကျ မမှန်တဲ့ ယူနိုက်တက်ဟာ ဒီဇင်ဘာပွဲကြပ်ကာလမှာ ဒဟဲယား ပုံမှန်လက်စွမ်းပြန်ပြ လာနိုင်ပြီး ခံစစ်ပိုင်းလည်း တည်ငြိမ်လာပါတယ်.။ဒါ့အပြင် မော်ရင်ဟိုဟာ ကွင်းလယ် double pivots နေရာအတွက် အကောင်းဆုံး အတွဲအဖက်ကို ရှာတွေ့ခဲ့ပြီး (ဟာရဲရား-ကာရစ်)တို့ဟာ အတွဲညီညီနဲ့ အကောင်းဆုံး ခြေ စွမ်း ပြလာနိုင်တာကြောင့် ကွင်းလယ် ရဲ့ တည်ငြိမ်မှု မြင့်မား လာပြီး ခံစစ်/တိုက်စစ် transition period မှာ အကောင်းဆုံး ဘောလုံး ဖြန့်ဝေ ဖန်တီးမှုတွေ လုပ်လာနိုင်ပါတယ် ။ ကြံ့ခိုင်မှု ပြည့်ဝလာတဲ့ အမ်ခီတာရန် ကလည်း solo skills တွေနဲ့ ပြိုင်ဘက်နောက်တန်းကို ဖရိုဖရဲ ဖြစ်သွားအောင် ထိုးဖေါက် ဖြိုခွင်းနိုင်သလို ကိုယ်တိုင်လည်း ဂိုးသွင်းနိုင်တယ်။ ရာသီအစက ဖိအားတွေနဲ့ အသားမကျသေးတဲ့ပေါ့ဂ်ဘာလည်း သူ့တန်ကြေးနဲ့ ညီတဲ့ ကမ္ဘာ့အဆင့် ခြေစွမ်းမျိုး ပြန်ရလာတဲ့ အခါမှာတော့ ယူနိုက်တက် ကွင်းလယ်ဟာ မထင်မှတ်လောက်အောင် စွမ်းဆောင်ရည် မြင့်မား လာခဲ့တယ်။ ရှေ့တန်းမှာလည်း ဇလာတန်လို ဂိုးသွင်းစက် ရှိနေတာကြောင့် ယူနိုက်တက်ဟာ ဒီဇင်ဘာ ပွဲကြပ်ကာလမှာ ရှံုးပွဲ လုံးဝ မရှိတော့ပဲ ခြောက်ပွဲ ဆက်တိုက် နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အစပိုင်းက အမှတ်တွေ အတော်လေး ဖြုန်းခဲ့တာကြောင့် ခုချိန်ထိထိပ်ပိုင်းကို မရောက်နို်င်သေးတာပါ။

ရာသီဝက်နှောင်းပိုင်းမှာ ရလဒ်ကောင်းနေတဲ့ ယူနိုက်တက်ရဲ့ ခြေစွမ်းကို ဒုတိယ ရာသီဝက်မှာလည်း မော်ရင်ဟို ဆက်ထိန်းဖို့ လိုမယ်။ ခံစစ်ပိုင်းက ပထမရာသီဝက်ထက် ပိုကောင်းလာဖို့ မရှိပေမယ့် ကွင်းလယ်ပိုုင်းကတော့ ကမ္ဘာ့အဆင့် ကစားသမားတွေ rhythm မိလာတာနဲ့အမျှ ခြေစွမ်း ကောင်း သထက် ပိုကောင်းလာမယ်။ တစ်ခုရှိတာက ဖေဖော်ဝါရီလကစလို့ ဥရောပ ပွဲတွေ ကစားဖို့ ရှိသလို FA ဖလားပွဲတွေလည်း ကစားရမှာ ဖြစ်လို့ ကာရစ်နဲ့ ဇလာတန်ကို ပွဲတိုင်း ကန်ခိုင်းရင် အသက်အရွယ်ကြောင့် ပွဲပန်း ခြေစွမ်း ကျသွားပြီး အသင်းပါ ကျသွားမယ်။ဒါကြောင့် မော်ရင်ဟိုဟာ တစ်ချို့ပွဲတွေမှာ ဇလာတန်နဲ့ ကာရစ်ကို အနားပေးထားရင်း ရလဒ်ကောင်းအောင် လုပ်ရမယ်။ ကာရစ်နေရာမှာ ဝင်ကစားနိုင်မယ့် ရှဝိန်းစတိုင်ဂါလို၊ရှနိုက်ဒါလင်းလို ကစားသမားမျိုး၊ ဇလာတန်ကို backup လုပ်မယ့် ရက်ရှ်ဖို့လို ကစားသမားမျိုးကို ယုံကြည်ချက်တွေ မြင့်မားလာအောင် မော်ရင်ဟို ပုံသွင်းပေးနိုင်ရမယ်။ အသင်းအတွက် ပေးဆပ်လိုစိတ် အပြည့်ရှိတဲ့ ရွန်နီရဲ့ စွမ်းရည်တွေ ပြန်မြင့်တက်လာဖို့ miracle တစ်ခု ဖန်တီးပေးရင်ပိုကောင်းမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒုတိယရာသီဝက်မှာ ပထမရာသီဝက် ထက်အသင်း လိုက် ခြေစွမ်းရော ရလဒ်ပိုင်းပါ ပိုကောင်းလာမှာ သေချာတယ်။

ဆုဖလားအကြောင်း ပြောရရင် ယူနိုက်တက်လို အသင်းကြီးဟာ ဆုဖလားဆွတ်ခူးဖို့အတွက် ရည်မှန်းထားမှာ သေချာတယ်။ဒါပေမယ့် လက်ရှိ အနေအထားမှာ ထိပ်ဆုံးနေရာနဲ့အမှတ် အတော်လေး ပြတ်သွားပြီ ဖြစ်လို ပွဲတွေ ကစားဖို့ ကျန်သေးပေမယ့် အသင်းက စိတ်ဓါတ်ပိုုင်းမှာ ဖာဂူဆန်လက်ထက်က အနေအထားမျိုးမဟုတ်တော့ဘူး။ ထိပ်ဆုံးကချယ်ဆီးကလည်း အတော်လေး အမှားနည်းနေတဲ့အတွက် အမှတ်ပေးချန်ပီယံ ဖြစ်ဖို့တော့ မလွယ်လောက်တော့ဘူး။ တစ်ခုရှိတာက အသင်း တာဝန်ရှိသူတွေဟာ ပြန်လည် တည်ဆောက်ဆဲ ကာလမှာ ချန်ပီယံလိဂ် ဝင်ရင်တောင် ရလဒ်ကို လက်ခံနိုင်တယ်။ မိုယက် ၊ဗန်ဟာလ်းတို့ကိုလည်း ချန်ပီယံလိဂ် မဝင်လို့သာ ထုတ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ယူနိုက်တက်ဟာ အဆင့်(၃)က အသင်းနဲ့ (၃)မှတ်အကွာမှာ ရှိနေပါတယ်။ဒါကြောင့် မော်ရင်ဟိုဟာ ယူနိုက်တက်ကို ဒုတိယ ရာသီဝက်မှာအကောင်းဆုံး ပဲ့ကိုင်ပေးပြီး ရာသီအကုန်မှာ သူ့ရာထူး ဂဏန်းငြိမ်မယ့် ထိပ်ဆုံး (၃)သင်းနေရာ ကို ပို့ဆောင်ပေးပြီး ယူရိုပါလိဂ်/FA ဖလားလို ရှံုးထွက်ဖလား တစ်ခုခုကိုလည်း အရယူပေးနိုင်မယ့် အနေအထားမှာ ရှိနေပါတယ်။

Soe Nae Thit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။