လတ်တလောမှာ ရုံတင်ပြသနေတဲ့ ဒုဌဝတီကိုကျော်လွန်၍ ရုပ်ရှင်ကို ဖန်တီးခဲ့သူများထဲမှာ အဓိကအခရာကျတဲ့နေရာကနေပါဝင်ခဲ့သူတစ်ယောက်ရှိပါတယ်။ ထိုသူကတော့ ဇာတ်လမ်းကိုရေးသားဖန်တီးခဲ့သူဖြစ်တဲ့ Hip Hopper ရဲနောင်ပါ။ ရဲနောင်ရဲ့ သီချင်းတွေဟာ Youtubeပေါ်မှာအင်မတန်လူကြိုက်များထင်ရှားပါတယ်။ 

ရဲနောင်တစ်ယောက် ဒုဌဝတီကိုကျော်လွန်၍မူရင်း ဝတ္ထုကို အသက်(၁၉)နှစ်ကတည်းကရေးသားခဲ့တယ်လို့သိရပါတယ်။အသက်(၂၅)နှစ်အရွယ်မှာဇာတ်ညွှန်းခွဲပြီးလူငယ်ခြေတက်တွေ ဝိုင်းဝန်းပုံဖော်ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ထို့အပြင် ဇာတ်ကောင်စရိုက် နဲ့ကိုက်ညီမယ့်သူတစ်ဦးချင်းစီကိုလည်းဒါရိုက်တာအာကာ နဲ့တိုင်ပင်လို့ သေသေချာချာရွေးချယ်ခဲ့တယ်လို့ဆိုပါတယ်။ဇာတ်လမ်းရဲ့အပိတ်သီချင်းဖြစ်တဲ့ ဒုဋ္ဌဝတီရဲ့အကျဉ်းသား(Savage Game)ဟာလည်းလူကြိုက်များနေတဲ့ ရဲနောင်ရဲ့ဖန်တီးမှုတစ်ခုပါ။ 

ဒါ့အပြင်ဆက်တင်ဒီဇိုင်း နဲ့ပတ်သက်ပြီးလည်းတာဝန်ယူထားခဲ့ကြောင်း။ဇာတ်ကောင်တစ်ယောက်ချင်းစီအတွက်ဒီဇိုင်းတွေကိုလည်းတာဝန်ယူခဲ့ကြောင်းသိရပါတယ်။စာရေးတာ၊သီချင်းဆိုတာနဲ့ သရုပ်ဆောင်တာတွေကိုလည်း ရှေ့ဆက်ဆောင်ရွက်ရန်ရှိကြောင်းကိုလည်းသိရပါတယ်။ ကဲ ပရိသတ်ကြီးရေ ရဲနောင်ကို အားပေးကြမယ်ဆိုရင်ဒီသတင်းလေးကိုတခြားသူတွေအတွက်မျှဝေပေးပါဦးနော်။

Source - Ye Naung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။