လူငယ်ပရိတ်သတ်တွေ အခိုင်အမာရရှိထားတဲ့ အဆိုတော် နိုင်းဝမ်းကတော့ သူသုံးနေတဲ့ ဖုန်းနှစ်လုံးစလုံး ကျပျောက်သွားလို့ ပြန်ရှာနေပါတယ် ။

ရန်ကုန်မှာ အစည်ကားဆုံးပွဲတော်တစ်ခုဖြစ်ခဲ့တဲ့ Together Festival ကို သွားရင်း ကျပျောက်သွားခဲ့တာဖြစ်ပြီး ဖုန်းထဲမှာ အရေးကြီးတဲ့ Data တွေရှိနေတာမို့

ဖုန်းကောက်ရတဲ့သူကို ဖုန်းကိုအပိုင်ပေးပြီး ဖုန်းထဲက Data တွေ ကိုပဲပြန်ပေးပါလို့ သူကတောင်းဆိုနေတာပါ ။ 

" မနေ့ညက #Together_Festival VVIP C3 မှာထိုင်ပြီးမူးနေရင်း ဖုန်း၂လုံးစလုံးပျောက်သွားတယ်..

တွေ့တဲ့သူရှိရင်လဲပြန်ပေးပါဗျာ..

လိုချင်ရင် ဖုန်းတွေပြန်ပေးမယ် ယူသွားပါ..

အထဲမှာရှိတဲ့ ဖုန်းကွန်တက်တွေနဲ့ သီချင်းအသစ်ဒေတာလေးတွေပဲ ပြန်ရရင်ကျေနပ်ပါပြီ

ဖုန်းကွန်တက်တွေ အိမ်မှာသိမ်းမထားမိလို့ အခု ဘယ်သူနဲ့မှဆက်သွယ်လို့မရပဲ တိုင်တော်တော်ပတ်နေလို့ပါ

ကျေးဇူးပြုပြီး ဖုန်းလေးတော့ပြန်ဖွင့်ထားပါ နော် နော် " လို့သူက သူ့ရဲ့ လူမှုကွန်ယက်ကနေ စာတင်ပြီး ရှာနေပါတယ် ။

ခုချိန်ထိတော့ မထူးခြားသေးပေမယ့် အနုပညာရှင်သူငယ်ချင်းတွေကတော့ ပျံနှံသွားအောင် ၀ုိင်း Share ပေးနေကြတာကိုလည်း တွေ့ရပါတယ် ။

လူငယ်တွေ အကြိုက်တွေ့တဲ့ ပွဲတော်တွေကိုတော့ သွားရောက်ဆင်နွဲသူတွေ များပြားလှတာမို့ ဒီလိုပြသာနာတွေလဲဖြစ်နေကြပါပဲ ။

ပရိတ်သတ်တို့လည်း သွားပျော်မယ်ဆို ကိုယ့်ပစ္စည်းလေးတွေ သတိထားကြပါနော် ... 

သတင်းအရင်းမြစ် Nine One

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။