မြန်မာနိုင်ငံက ရုပ်ရှင်အရွေ ့မှာကျော်ကြားလာတဲ့ လူငယ်အနုပညာရှင်တွေထဲ ခီမောင်နှံလည်း အပါအဝင်ပါ ။ ရိုက်ကူးရုံတင်ခဲ့တဲ့ ဇာတ်ကားတွေဟာ တစ်ရှိန်ထိုးအောင်မြင်ခဲ့တာကြောင့် အချိန်တိုအတွင်းမှာပဲ ပရိတ်သတ်တွေ အများအပြားရဲ့ အချစ်တွေကို သိမ်းပိုက်သွားနိုင်ခဲ့သူတွေလည်းဖြစ်ပါတယ် ။

ခီမောင်နှံ လို့ ပရိတ်သတ်တွေကချစ်စနိုးခေါ်ကြတဲ့ ဇာဏ်ခီနဲ့ ခရစ်စတီးနာခီတို့ ဇနီးမောင်နှံကတော့ အနုပညာလောကထဲမှာ လက်တွဲညီတဲ့ မောင်နှံဖြစ်သလို 

ဇနီးဖြစ်သူရဲ့ အလုပ်ကို ခင်ပွန်းကထောက်ပံ့ကူညီပေးသလို ခင်ပွန်းဖြစ်သူကိုလည်း ဇနီးသည်ကထောက်ပံ့ကူညီပေးတာမို့ သူတို့နှစ်ဦးရဲ့ နားလည်မှုနဲ့အိမ်ထောင်ရေးကတော့ အများအားကျစရာဖြစ်ခဲ့ပါတယ် ။ လုပ်ငန်းပိုင်းဆိုင်ရာမှာလည်း အချင်းချင်းဖေးမပြီး ကောင်းမွန်တဲ့ ရုပ်ရှင်ကားတွေ ဖန်တီးနိုင်ခဲ့လို့ နာမည်ကျော်ကြားခဲ့သလို ပြင်ပလူနေမှုဘဝမှာလည်း ခရစ်စတီးနာခီက ခင်ပွန်းသည်ရဲ့ ချစ်ခင်မြတ်နိုးတဲ့ အကြည့်တွေကို တစ်ဦးထဲသော ပိုင်ဆိုင်ထားရသူအဖြစ် မိန်းမသားထုကြားထဲ အားကျစရာဖြစ်ခဲ့သူပါ ။

ခုလည်းခင်ပွန်းသည် ရဲ့ ကြော်ငြာကိစ္စနဲ့ ပြင်သစ်နိုင်ငံပဲရစ်ကိုရောက်ရှိနေတဲ့ သူမတို့ဇနီးမောင်နှံက ကမ္ဘာပေါ်က Romantic အဖြစ်ဆုံးနေရာတစ်ခုလို့ တင်စားခြင်းခံရတဲ့ ပဲရစ်မျှော်စင်ကို သွားရောက်လည်ပါတ်ခဲ့ကြပါတယ် ။ ပဲရစ်မှာ ခင်ပွန်းသည်နဲ့အတူ ရိုက်ကူးခဲ့တဲ့ အမှတ်တရ ဓါတ်ပုံလေးတွေကတော့ Romantic ဖြစ်လွန်းတာမို့ ပရိတ်သတ်တွေကြား ရေပန်းစားနေတော့တာပါပဲ ။ ခီမောင်နှံတို့ရဲ့ ရေပန်းစားနေတဲ့ ပုံလေးတွေကို Myanmarload ပရိတ်သတ်တို့အတွက် ထပ်ဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ 

သတင်းအရင်းမြစ် Christina Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။