ပရိသတ်ကြီးအချစ်တော် စံရတီမိုးမြင့်ကတော့ တစ်ရက်တစ်ခြားပိုပြီးလှလာလို့နေပါတယ်။ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးထားပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမှုတွေများစွာရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ သူမရဲ့ဟန်ပန်တွေက ပရိသတ်ကိုဖမ်းစားစေခဲ့တာပဲဖြစ်ပါတယ်။

ယခုအခါမှာတော့ သူမရဲ့လှပတဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ပန်းဆီရောင်ဖဲသားဝတ်စုံလေးနဲ့ sexyကျကျလှနေတဲ့ သူမရဲ့ဓာတ်ပုံလေးတွေကတော့ ပရိသတ်တွေအကြိုက်တွေ့စေမယ်လို့ထင်ပါတယ်။ရိုးရှင်းကျော့မော့နေတဲ့ သူမအလှကတော့ တကယ့်ကိုပြောစရာမလိုလောက်အောင်ပါပဲ။

လတ်တလောမှာတော့အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။သူမကတော့ သူမရဲ့လူမှုကွန်ယက်ပေါ်မှာတော့"ယူတို့ချစ်ဖို့ဘဲလိုတယ်"ဆိုတဲ့စာသားလေးနဲ့ ဓာတ်ပုံလေးတွေတင်ထားတာပဲဖြစ်ပါတယ်။သူမရဲ့ပရိသတ်တွေအနေနဲ့လည်း သူမအတွက် အားပေးစကားလေးတွေပြောခဲ့ကြပါအုံးနော်.....

သတင်းအရင်းအမြစ်-စံရတီမိုးမြင့်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။