သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံ တို့ ချစ်သူနှစ်ဦးကတော့ ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုတွေ များစွာကို ရရှိထားတဲ့ သူလေးနှစ်ဦးပဲဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦးကတော့ ဝါသနာလဲတူ အကြိုက်တွေလဲ တူတဲ့သူတွေဆိုတော့ ချစ်သူဘဝလေးက အရမ်းပျော်ရွှင်စရာကောင်းလှပါတယ်။

သူရိယကတော့ မနေ့က ကျရောက်ခဲ့တဲ့ သူရဲ့ မွေးနေ့ အချိန်အခါသမယလေးမှာဆိုရင်လည်း အလှူအတန်းလေးတွေ ပြုလုပ်ခဲ့တာတွေ့ရပါတယ်။ ထိုနေ့လေးမှာဆိုရင်တော့ သူရိယဟာ သူရဲ့ချစ်သူ ဆုအိမ့်စံ နှင့်အတူ ခရမ်းရောင် မြန်မာဝတ်စုံလေးတွေ ဝတ်ဆင်ထားတဲ့ ပုံရိပ်လေးတွေဟာ အရမ်းပဲချစ်စရာကောင်းလှပါတယ်။

ယခုမြင်တွေ့နေရတဲ့ ပုံရိပ်လေးတွေထဲမှာဆိုရင်လည်း သူတို့နှစ်ဦးဟာ တစ်ဦးအပေါ်တစ်ဦး ဘယ်လောက် ဂရုစိုက် ကြင်နာ တတ်လဲဆိုတော့ ပရိတ်သတ်တွေ ကိုယ်တွေ့ပါပဲ။မွေးနေ့မှာ နှစ်ယောက်အတူ ဘုရားသွားကျောင်းတက် ကုသိုလ်ယူ တဲ့အခိုက်အတန့်လေးတွေကတော့ ချစ်သူရည်းစားတိုင်း လိုချင်ကြတဲ့ အရာလေးတွေပါပဲ။အခုအခါမှာလည်း ပရိတ်သတ်တွေအတွက် သူရိယနဲ့ ဆုအိမ့်စံတို့ ချစ်သူနှစ်ဦးရဲ့ မွေးနေ့အမှတ်တရ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Amazing Grace


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။