ပရီးမီးယားလိဒ်သက်တမ်းတလျှောက် ရှုံးပွဲမရှိ၊သရေမရှိ၊နို်င်ပွဲချည်းဆက်တိုက်ရရှိခဲ့တဲ့ အသင်းတွေအကြောင်းဖြစ်ပါတယ်။

(14)ပွဲဆက်တိုက်အနိုင်တွေနဲ့အာဆင်နယ် (2002)

==========================

ပရီးမီးယားလိဒ်အဖြစ်သတ်မှတ်ပြီးနောက်ပိုင်း ပရီးမီးယားလိဒ်ရဲ့သမိုင်းတစ်လျှောက်မှာ ပွဲဆက်အများဆုံးအနိုင်ရရှိထားတဲ့အသင်းကတော့ (14)ပွဲနဲ့အာဆင်နယ်ဖြစ်ပါတယ်။ (2001-2002)ဘောလုံးရာသီချန်ပီယံဖြစ်ခဲ့တဲ့ဂန်းနားဟာနောက်ဆုံးနိုင်ပွဲအဖြစ် ဘာမင်ဂန်ကို(2-0)နဲ့နိုင်ပြီး အဲ့ဒီနှစ်မှာ(14)ပွဲဆက် ရှံုးပွဲမရှိ၊သရေပွဲမရှိ စံချိန်တင်ခဲ့တာပါ။(15)ပွဲမြောက်မှာတော့ ၀က်စ်ဟမ်းကို (2-2)နဲ့သရေကျသွားခဲ့ပါတယ်။

(13)ပွဲဆက်တိုက်အနိုင်ရရှိခဲ့တဲ့ ချဲလ်ဆီး (2016-2017)

=========================

ဒါကတော့လက်တလောပူပူနွေးနွေးပဲရှိပါသေးတယ်။ ချဲလ်ဆီးကိုရောက်ရှိလာတဲ့နည်းပြသစ် ကွန်တီရဲ့ပရီးမီးယားလိဒ်အဖွင့်ဟာ လှပခဲ့တာတော့ မဟုတ်ပါဘူး။ ရာသီအစမှာတင် ဆွမ်ဆီးကိုသရေကျ၊ လီဗာပူလ်းကိုရှံုး၊ အာဆင်နယ်ကိုရှံုးနဲ့ ပွဲဦးထွက်ခတ်ခဲခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်ကိုရှံူးတာ နောက်ဆုံးဖြစ်သွားခဲ့ပြီး အဲ့ဒီနောက် စပါး၊မန်ယူ နဲ့ မန်စီးတီးတို့အပါအဝင် ပွဲပေါင်း(13)ပွဲဆက်တိုက် အနိုင်ရခဲ့ပါတော့တယ်။ ဒါပေမယ့်ဒီနေ့မှာတော့ သူ့ကို စပါးကပဲ ပြန်လည်ရပ်တန့်နိုင်ခဲ့ပြီး အာဆင်နယ်ရဲ့စံချိန်ကိုအမှီလိုက်ဖို့ အိမ်မက်အဆုံးသတ်ခဲ့ရပါတော့တယ်။

(12)ပွဲဆက်တိုက်အနိုင်ွနဲ့မန်ချက်စတာယူနိုက်တက် (2000)

================================

1999-2000 ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်ဟာ ဒုတိယနေရာကအသင်းကို (18)မှတ်အထိဖြတ်ပြီးပရီးမီးယားလိဒ်ကိုသိမ်းပိုက်ခဲ့ပါတယ်။အဲ့ဒီနှစ်မှာ(12)ပွဲဆက်တိုက်ရှံုးပွဲမရှိ၊သရေမရှိ အနိုင်ပွဲချည်းရရှိခဲ့ပါတယ်။သူ့ကိုရပ်တန့်ခဲ့တာကတော့ အစ်ဝက်ချ်တောင်းအသင်းဖြစ်ပြီး နောက်ရာသီရဲ့ ဒုတိယပွဲစဉ်မှာ (1-1)နဲ့သရေကျသွားခဲ့တာဖြစ်ပါတယ်။

(11)ပွဲဆက်အနိုင်တွေနဲ့ချဲလ်ဆီး (2009)

==========================

အဲ့ဒီနှစ်မှာချဲလ်ဆီးအသင်းက စကိုလာရီကိုရာသီဝက်အကျော်မှာထုတ်လိုက်တာမို့ လက်ကျန်ပွဲတွေကို ဟစ်ဒင့်ကြီးကိုင်တွယ်ခဲ့ရပါတယ်။ ဟစ်ဒင့်လက်ထက်မှာ အဲ့ဒီရာသီရဲ့ နောက်ဆုံးပွဲစဉ်တွေဖြစ်တဲ့ ၀က်စ်ဟမ်း၊ဖူဟမ်၊အာဆင်နယ်၊ဘလက်ဘန်းနဲ့ ဆန်းဒါးလန်းတို့ကို (၅)ပွဲဆက်အနိုင်ရခဲ့ပြီးရာသီသိမ်းခဲ့ပါတယ်။ နောက်ရာသီပြန်အစ ကားလိုစ့်အန်ဆယ်လော့တီလက်ထက်မှာတော့ (6)ပွဲဆက်အနိုင်ရခဲ့တာကြောင့် (11)ပွဲဆက် နိုင်ပွဲရရှိတဲ့ ရီကော့ဝင်ခဲ့ပါတယ်။

11)ပွဲဆက်တိုက်နိုင်ပွဲနဲ့ မန်ယူ (2009)

======================

ယူနိုက်တက်ဟာ စီရော်နယ်ဒိုနဲ့ ဘာဘာတောဗ့်တို့ခေတ်က (11)ပွဲဆက်တိုက်နိုင်ခဲ့တဲ့ စံချိန်ရခဲ့ပါသေးတယ်။ သူတို့ကိုရပ်တန့်ခဲ့တာကတော့ ဘင်နီတဇ်ရဲ့လီဗာပူလ်းဖြစ်ပါတယ်။ ကမာ့ကလပ်ပြိုင်ပွဲကစားပြီးအပြန်မှာ လီဗာပူလ်းက (4-1)နဲ့ရပ်တန့်ပလိုက်တာဖြစ်ပါတယ်။

(11)ပွဲဆက်တိုက်အနိုင်ရခဲ့တဲ့ လီဗာပူလ်း (2014)

=======================

လူးဝစ်ဇ်ဆွာရတ်နဲ့စတီဗင်တို့ခောတ်ကဖြစ်ပါတယ်။အဲ့ဒီနှစ်မှာ ဆွာရတ်တစ်ယောက်တည်း အသင်းအတွက် (38)ဂိုးသွင်းယူပေးခဲ့ပါတယ်။ သူတို့ကိုရပ်တန့်ခဲ့တာကတော့ ခရစ်စတယ်ပဲလေစ့်ဖြစ်ပါတယ်။

(11)ပွဲဆက်အနိုင်နဲ့ မန်ချက်စတာစီးတီး(2015)

=========================

ချဲလ်ဆီးဖလားရခဲ့တဲ့ (2014)ရာသီမှာ နောက်ဆုံး(6)ပွဲကိုအနိုင်ရခဲ့ပြီး (2015)ရာသီရဲ့ပထမ(5)ပွဲလုံးအနိုင်ရခဲ့တာကြောင့် (11)ပွဲဆက်အနိုင်ဖြစ်ပါတယ်။သူတို့ကိုရပ်တန့်ခဲ့တာကတော့ ၀က်စ်ဟမ်းအသင်းဖြစ်ပါတယ်။

#မောရစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။