ပရိတ်သတ်တွေ အားပေးချစ်ခင်ကြတဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့ နဝရတ်ကတော့ ယခုအချိန်မှာ စိတ်နှလုံးသားတွေ ဝမ်းနည်းပက်လက် ငိုကြွေးစေနိုင်တဲ့ အဖြစ်ဆိုးကြီးတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူမဟာ ခံစားချက်မျိုးစုံကို ခံစားသရုပ်ဆောင်ဖူးတဲ့ မင်းသမီးတစ်လက်ဖြစ်ပေမယ့်လည်း အခုဆိုဖြစ်ရပ်ကတော့ ဘယ်သူမှဖြေဆယ်နိုင်မယ် မထင်ပါဘူး။

ထိုအရာကတော့ နဝရတ်ရဲ့ မွေးသဖခင် ကျေးဇူးရှင်ကြီးဟာ သူမတို့မိသားစုကို နှုတ်ဆက်ကာ ထာဝရအိပ်စက် အနားယူသွားခဲ့တာပဲဖြစ်ပါတယ်။ သမီးတစ်ယောက်အနေနဲ့ ဒီအချိန်မှာ ဘယ်လောက်ခံစားနေရမလဲဆိုတာကတော့ ပရိတ်သတ်တွေလည်း ခံစားမိနိုင်မယ်လို့ထင်ပါတယ်။

နဝရတ်တို့မိသားစုကတော့ ကွယ်လွန်သူ ဖခင်ကြီးကို မီးသဂြိုလ် ကာ ငြိမ်းချမ်းတဲ့ နေရာလေးတစ်ခုကိုပို့ဆောင်ပေးခဲ့ပါတယ်။ ထိုလမ်းက လူတိုင်းသွားရမယ့် လမ်းတစ်လမ်းဖြစ်ပေမယ့် တကယ့်တကယ်ခွဲခွာရပြီဆိုရင်တော့ မခံစားရဘဲနေနိုင်သူ ရှိမယ်လို့မထင်ပါဘူး။ အနုပညာရှင် နဝရတ် တို့မိသားစုနှင့်အတူ ထပ်တူထပ်မျှ ခံစားရတဲ့အတွက် ဒီသတင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။

source - Nawaratt KO KO

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။