၂.၁.၂၀၁၇ရက်နေ့ ၁၁၃၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ အမှတ်(၆)

ရပ်ကွက်နေ ဒေါ်-----သည် အမှတ်(၁၉)ရပ်ကွက်၊ အခြေခံပညာအထက်တန်း

ကျောင်းခွဲတွင်ရှိနေစဉ် ၎င်းနေထိုင်ရာရပ်ကွက်ရှိ နေအိမ်တွင် အေးမင်းဆိုသူ

အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသားရောက်ရှိလာပြီး နေအိမ်တွင်းရှိပစ္စည်းများကို

မွှေသွားကြောင်းပြောပြသဖြင့် နေအိမ်သို့ပြန်လည်သွားရောက်ကြည့်ရှု၍

အဖွားဖြစ်သူအား မေးမြန်းရာ ၁၀၀၀ အချိန်ခန့်တွင် အသက်(၃၀)နှစ်ခန့်၊

ဆံပင်အလယ်ခွဲ၊ အသားညို၊ အရပ်ရှည်၊ ခန္ဓာကိုယ်ပိန်အမျိုးသားတစ်ဦးမှာ

လက်ထဲတွင် ဆောက်တစ်ချောင်းကိုင်၍ ရောက်ရှိလာကြောင်း၊ ၎င်း၏

အမည်မှာအေးမင်းဆိုသူဖြစ်ကြောင်း၊ ၎င်းအားလည်း မအော်ရန်နှင့် အော်ရင်

သတ်ပစ်မည်ဟုပြောကာ ပါးစပ်အားအဝတ်နှင့်စည်း၍ လက်နှင့်ခြေထောက်

တို့အားပီနန်ကြိုးဖြင့် တုတ်ချည်သွားပြီး အခန်းသော့အား ပါလာသည့်ဆောက်

ဖြင့်ဖျက်ကာ သံသေတ္တာအတွင်းမှ ရွှေနှင့်ငွေများအား ယူသွားကြောင်းသိရှိရ

သဖြင့် ဒေါ်-----မှ ၎င်းနေထိုင်ရာအခန်းအားစစ်ဆေးရာ အလေးချိန် ၃ မတ်

သားရှိ ရွှေဟမ်းချိန်း ၁ ခု၊ ရွှေဆွဲကြိုး ၂ ကုံး၊ စိန်လော့ကတ်သီး ၁ခု၊ အလေးချိန်

၁ မတ်သားရှိ ရွှေဆွဲသီး ၁ခု၊ စိန်လက်စွပ် ၁ကွင်း၊ ကျောက်နီလက်စွပ် ၂ကွင်း၊

ရွှေလက်စွပ် ၁ကွင်းနှင့် ငွေကျပ် ၂သိန်းခန့်၊ ဘဏ်စာအုပ် ၁အုပ်တို့ပျောက်ဆုံး

နေကြောင်းကို အရေးယူပေးရန်တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း

(ပ)၃၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား

ဖမ်းဆီး ရမိရေးဆောင်ရွက်ခဲ့ပါသည်။

မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များက

အမှုမှပြစ်မှုကျူးလွန်သူ “အေးမင်း” ဆိုသူအားဖမ်းဆီးရမိရေးအတွက် စုံစမ်း

ဆောင်ရွက်ခဲ့ရာ “အေးမင်း”ဆိုသူမှာ လှိုင်သာယာမြို့နယ်၊ (၁၅)ရပ်ကွက်နေ

ကျော်ကျော်ထူး(ခ)ကျော်ထွေး၊ (၃၃)နှစ်ဖြစ်ပြီး ၎င်းမှာ ဧရာဝတီတိုင်းဒေသကြီး၊

ပုသိမ်မြို့သို့ တိမ်းရှောင်နေကြောင်းသိရှိရသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်

ခဲ့ရာ ၃.၁.၂၀၁၇ ရက်နေ့ ၂၁၀၀ အချိန်တွင် ကျော်ထွေး(ခ)ကျော်ကျော်ထူးအား

ဧရာတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ မြတ်တိုကားဂိတ်၌ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ ကျော်ကျော်ထူး(ခ) ကျော်ထွေးအား စစ်ဆေးရာ အဆိုပါအမှု

အား ကျူးလွန်ခဲ့ကြောင်းနှင့် ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် သံကလော်၊

အမှုမှပါဆုံးလက်ဝတ်ရတနာများ၊ ဘဏ်စာအုပ်နှင့် ငွေကျပ်(၁၅၅၀၀၀)တို့

အား ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။