ပဲခူးမြို့၊အမှတ်(၃)နယ်မြေရဲစခန်းအပိုင်တွင်(၅.၁.၂၀၁၇)နေ့ နံနက်(၅)နာရီအချိန်ခန့်က--အမည် KTVတစ်ခုမီးလောင်မှုဖြစ်ပွား

ခဲ့သည်။ဖြစ်စဉ်မှာ --KTVဆိုင်၏ညစောင့်ဖြစ်သူ ငြိမ်းချမ်းအောင်

(၂၀)နှစ်၊(ဘ)ဦးကြည်သောင်း၊ဗမာ/ဗုဒ္ဓ၊ညောင်ဝန်းကျေးရွာ၊တောင်တွင်းကြီး

မြို့နယ်၊မကွေးတိုင်းဒေသကြီးနေသူသည် ညဘက်အိပ်ပျော်နေစဉ် ခြင်ဆေးခွေ

အား အိပ်ယာဘေး ဆိုဖာခုံပေါ်တွင် ထားရှိပြီးအိ်ပျော်ခဲ့ရာမှ မီးစတင်လောင်

ကျွမ်းခဲ့သဖြင့် ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ နံနက်(၅း၄၀)အချိန်တွင်မီးငြိမ်းသွား

ခဲ့ပါသည်။မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်သေကျေးပျက်စီးမှုများ

မရှိကြောင်းနှင့် ကာလတန်ဖိုးငွေ (၃၁၀၀၀၀ိ/)ကျပ်ပျက်စီးဆုံးရှုံးသွားကြောင်း

သိရှိရပြီး စခန်းမှ မီးအားပေါ့လျော့စွာ အသုံးပြုသူ ငြိမ်းချမ်းအောင်အား(ပ)၁၂/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရအမှုဖွင့်အရေးယူထားပြီတာဝန်ရှိသူများလဲလာရောက်ခဲ့ကြောင်းသတင်းရရှိပါသည်

Ko Thant Zin 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။