အရမ်းချစ်တဲ့သူတွေ၊ ဘဝတစ်ခုကို တူတူတည်ဆောက်ဖို့ အဆင်သင့်ဖြစ်နေတဲ့သူတွေဟာ ရှေ့မှာ ဘာအခက်အခဲအတားအဆီးပဲလာလာ၊ ကိုယ်ချစ်တဲ့သူနဲ့ လက်တွဲဖို့ကသာ အဓိကပါ။ 

Bicol ကျွန်းဆွယ်မှာရှိတဲ့ Catanduanes လို့ခေါ်တဲ့ ပြည်နယ်မှာဆိုရင်တော့ Maria Cyril Hernandez နဲ့ Mark John Martinez အမည်ရစုံတွဲနှစ်ဦးဟာ ပြည်နယ်မှာ အကြီးမားဆုံးမုန်တိုင်းကြီး တိုက်ခိုက်ပြီးလို့ ရေတွေကြီးနေတာတောင် သူတို့ဟာ မမှုဘဲ လက်ထပ်ပွဲကျင်းပမယ့်နေရာကို မရမကသွားပြီး လက်ထပ်ခဲ့ကြပါတယ်။ 

တိုင်ဖွန်း Nina ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ တိုက်ခိုက်ခဲ့ပြီး ပြည်နယ်အတွင်းရှိ လူအမြောက်အများဟာ ဘေးကင်းရာနေရာသို့ အလျင်အမြန် ရွေ့ပြောင်းခဲ့ကြရပါတယ်။ ဒီစုံတွဲကတော့ အိမ်နီးချင်းတွေရဲ့အကူအညီနဲ့ လက်ထပ်မယ့်နေရာသွားရောက် ကတိသစ္စာပြု လက်ထပ်နိုင်ခဲ့ပြီး အင်တာနက်မှာ နာမည်ကြီးလာခဲ့ပါတယ်။ တိုင်ဖွန်းမုန်တိုင်းကြောင့် မျှော်လင့်ချက်တွေ အဆုံးရှုံးမခံဘဲ လက်တွဲခဲ့ကြတဲ့ ဒီစုံတွဲအတွက် ဂုဏ်ပြုဆုတောင်းပေးရအောင်။

Source - viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။