ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမနီ နဲ့ ဆိုဗီယက်တို့ စစ်ဖြစ်ခဲ့ကြတဲ့ အချိန်မှာ နာဇီတွေ အတွက် အိပ်မက်ဆိုးလို့တောင် ပြောလို့ရတဲ့ အမျိုးသမီး အဖွဲ့ တစ်ဖွဲ့ ရှိခဲ့ပါတယ်။ ဒီအမျိုးသမီး အဖွဲ့ ဟာ ဆိုဗီယက်ခေါင်းဆောင်ဖြစ်တဲ့ စတာလင်ရဲ့ အမိန့်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့ ရဲ့ နာမည်ကိုတော့ ညဉ့်စုန်းမများ ( Night Witches )လို့ အမည်ပေးထားပါတယ်။ ဒီအဖွဲ့ရဲ့ ပဲ့ကိုင်ရှင်ကတော့ Raskova ဖြစ်ပြီး သူ့ရဲ့ ကြိုးစားပမ်းစား ဆောင်ရွက်မှုကြောင့် Night Witches ဆိုတဲ့ ထူးချွန်ပြောင်မြောက်တဲ့ အမျိုးသမီး အဖွဲ့တစ်ဖွဲ့ ဖြစ်လာခဲ့ပါတယ်။ 

ထိုအမျိုးသမီး အဖွဲ့မှာပါဝင်တဲ့ လေသူရဲ ဗိုလ် အမျိုးသမီးတွေအားလုံးဟာ ပျမ်းမျှ အသက် ၁၇ နှစ်ကနေ အသက် ၂၆နှစ်အတွင်း ရှိတဲ့ သူတွေချည်းပဲ ဖြစ်ပါတယ်။ သူတို့ဟာ စစ်အတွင်းမှာ အခေါက်ပေါင်း ၃၀၀၀၀ထက် မနည်း ပျံသန်းခဲ့ပြီး ရန်သူ့ရဲ့ နယ်မြေ အတွင်းမှာ ဗုံးတွေကို ပစ်ချနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ရွပ်ရွပ်ချွံချွံ တိုက်ချုက်မှုဟာ နာဇီဂျာမနီတွေကို အထိနာစေခဲ့ပြီး ဒီအမျိုးသမီးတွေရဲ့ လေယာဉ်တစ်စင်းကို ပစ်ချနိုင်ရင် Iron Cross (ဂျာမန်တွေရဲ့ အထွဋ်အထိပ် ဆုတံဆိပ်) လို့ခေါ်တဲ့ ဆုတံဆိပ် ချီးမြင့်ခံရတဲ့အထိတောင် ဖြစ်ခဲ့ရပါတယ်။  

ဆံပင်တိုတို ထားပြီး သူတို့နဲ့ မတော်တဲ့ အကျီၤတွေကို ဝတ်ကာ ယောကျာ်းတွေနဲ့ တန်းတူ ရင်ပေါင်တန်းပြီး တိုက်ပွဲ ဝင်ခဲ့တဲ့ ဒီအမျိုးသမီးတွေဟာ သူတို့အတွက် အထောက်အပံ့ အပြည့်အစုံမရပဲ လေယာဉ်အစုတ်နဲ့ပဲ တိုက်ပွဲဝင်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိမိရဲ့ အသက်ကိုပင် ပဓာန မထားပဲ တိုက်ပွဲ မှာ ရွပ်ရွပ်ချွံချွံတိုက်ခဲ့တဲ့ သူတို့ရဲ့ စိတ်ဓာက်ကတော့ လေးစားဖွယ်ကောင်းလှပါတယ်။ ဒါ့ကြောင့်လည်း စစ်ကြီး အပြီးမှာတော့ တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ အယောက် ၃၀ အပါအဝင် အသက်ရှင်ကျန်ရစ်သူ အမျိုးသမီး ၂၃ ယောက်ဟာ ဆိုဗီယက်နိုင်ငံရဲ့ ဂုဏ်ထူးဆောင် ဆုတံဆိပ်ကို ချီးမြှင့်ခံခဲ့ရပါတယ်။ 

Source : Thutazone  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။